နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် ကလေးငယ်များကို အိမ်ပြင်ထွက်ခွင့်ပြုတော့မည်

ဧပြီ ၁၉၊ မက်ဒရစ် စပိန်နိုင်ငံတွင် ကလေးငယ်များ လေကောင်းလေသန့်ရရှိရန်အတွက် အိမ်ပြင်ထွက်ခွင့်ပေးရန် သဘောတူညီခဲ့သည်။ စပိန်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် တင်းကျပ်သည့် စည်းမျဉ်းများအရ မတ်လ ၁၄ ရက်ကတည်းက ကလေးငယ်များကို အိမ်ပြင်ထွက်ခွင့် မပေးခဲ့ပေ။ သို့သော် ကလေးငယ်များ လေကောင်း လေသန့်ရရန်အတွက် ဧပြီလ ၂၇ ရက်တွင် အဆိုပါစည်းမျဉ်းကို ဖြေလျှော့ပေးရန် ရည်ရွယ်ထားသည်ဟု စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောသည်။ ရင်သွေးငယ်များရှိသည့် ဘာစီလိုနာမြို့တော်ဝန် အဒါကိုလူက ကလေးငယ်များကို အိမ်ပြင်ထွက်ခွင့်ပေးရန် ယခုရက်သတ္တပတ်အတွင်း စပိန်အစိုးရကို တင်ပြခဲ့သည်။ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးနိုင်ငံ တစ်ခုဖြစ်သည့် စပိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၀၀၀၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော် ရှိနေသည်။ သို့သော် စပိန်နိုင်ငံမှာ အပြင်းထန်ဆုံး အခိုက်အတန့်ကို ကျော်လွှားနိုင်ခဲ့ပြီး ဆိုးရွားလွန်းသည့် ကပ်ရောဂါကို ထိန်းနိုင်ခဲ့ပြီဟု ပြီးခဲ့သည့်စနေနေ့ ညနေပိုင်းတွင် စပိန်ဝန်ကြီးချုပ်က ရုပ်သံမှတစ်ဆင့် ပြောခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ