နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဩဂုတ် ၁၇


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၇ ရက်၊ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်  ကြည်ခိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၁၀ နာရီခွဲအချိန်တွင် စမ်းချောင်းရွာ၊ ဆိပ်ကမ်းသာလမ်းမ ပေါ်၌ တင်ကိုလတ်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့်ည ၁၁ နာရီအချိန်တွင် (၃)ရပ်ကွက်၊ ပီမိုးနင်းလမ်းမပေါ်၌ ထွန်းထွန်းဦးထံမှ အရိုးအသွား (၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ 

သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲအချိန်တွင် စက်မှုလက်မှုရပ်ကွက်၊ တံတားဟောင်း အနီး လမ်းမပေါ်၌ မိုးကျော်သူထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် (၁၉)ရပ်ကွက်၊ ပတ္တမြား လမ်းမပေါ်၌ လင်းလင်းဦးထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ် ချောင်းကိုလည်းကောင်း၊

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် (ခ)ရပ်ကွက်၊ အာသာ ဝတီလမ်းမပေါ်၌ မြဦးထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် နွယ်ခွေကျေးရွာ၊ ညောပင်လမ်းမပေါ်၌ ဖိုးသကျွန်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓာညးတစ်ချောင်းနှင့် ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် စစ်သင်္ချိုင်းရှေ့၌ ခိုင်မျိုးလင်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ထောက်ကြန့်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၂၂၄၀ အချိန်တွင် ပုလဲ(၃)ရပ်ကွက်၊ အမှတ်(၃)လမ်းမကြီး ဘေး၌ ကျော်စိုးဝင်းထံမှ အရိုးအသွား(၂၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်း ရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ