နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းချောင်းမြို့နယ်၊ ဘာဝနာလမ်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန် ဩဂုတ် ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ ဘာဝနာလမ်းတွင် မွန်းတည့် ၁၂ နာရီက Level 2  အဆင့်ရှိမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ အဆောက်အဦ ၃ လုံးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည်။

''လျှပ်စစ်မိန်းဘရိတ်ကာကနေစလောင်တယ်လို့ လျှပ်စစ်ဌာနကရော၊ မီးသတ်ဌာနကပါ အတည်ပြုပါတယ်။ အဓိက ကလူမရှိဘဲတံခါးပိတ်ထားတဲ့အတွက် မီးများတော့မှပဲအပြင်ကလူတွေကသိကြရလို့ပါ''ဟု အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူးဦးဌေးဝင်းကပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အုတ်ညှပ်အဆောက်အဦတစ်လုံး၊ ပျဉ်ထောင်အိမ်အပေါ်ထပ်နှင့် သံကူ ကွန်ကရစ် အမျိုးအစား အဆောက်အဦအပေါ်ထပ်တို့ လောင်ကျွမ်းပျက်စီးခဲ့ရာဆုံးရှုံးမှုတန်ဖိုး ၇၅ သိန်းကျော်ရှိသည်ဟု ဦးဌေးဝင်းက ပြောသည်။

''ညှော်နံ့နံလို့ဆိုပြီးအောက်ထပ်ဆင်းကြည့်လိုက်တဲ့အချိန်မှာ ခြေရင်းအိမ်ကမီးခိုးတွေအူထွက်လာတာနဲ့ ဆင်းပြေးလာကြတာ။ ပစ္စည်းတွေယူမယ်လုပ်တော့လည်းမီးခိုးတွေကအထဲဝင်လာပြီးချက်ချင်းလောင်သွားတာနဲ့ ဘာမှယူလို့မရခဲ့ဘူး''ဟုပျဉ်ထောင်အိမ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြှိမ်းသတ်ယာဉ် ၂၂ စီး၊ ရေသယ်ယာဉ် ၈ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၂၄ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ယခုမီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ