နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကြေးအခက်အခဲကြုံတွေ့နေရချိန်တွင် ဘဝတူရက်ပ်ပါများကို အကြွေးဆပ်ပေးခဲ့သည့် Jay-Z

ဩဂုတ်  ၁၆


DMX က တစ်ခေတ်တစ်ခါက နာမည်ကြီးရက်ပ်ပါတစ်ဦးဖြစ်သည်။ Def Jam Recordings တွင်လည်း ဒိတ်ဒိတ်ကြဲ ရက်ပ်ပါတစ်ယောက်ဖြစ်ခဲ့သည့် DMX သည် Def Jam ကို စွန့်ခွာသွားချိန်က ပေးစရာရှိခဲ့သည့်အကြွေးများဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂ သန်းကို Jay-Z က DMX ကိုယ်စား စိုက်ပေးခဲ့ပြီး အကြွေးများ အကုန်ဆပ်ပေးခဲ့ဖူးကြောင်း Revolt.tv သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

DMX ၏ Ruff Ryder’s Anthem အမည်ရှိ သီချင်းတီးလုံး Flow ကို မြန်မာနိုင်ငံရှိ ဟစ်ဟော့ပ်ပရိသတ် အတော်များများသိရှိကြပြီးဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက Ruff Ryders ၏ တည်ထောင်သူများဖြစ်သည့် Waah, Dee နှင့် Chivon Dean တို့သည် “The Breakfast Club” အင်တာဗျူးတွင် DMX တစ်ယောက် Def Jam က ထွက်သွားသည့်အချိန်က ပေးစရာရှိသည့်အကြွေးများကို Jay-Z က  အကုန်ပေးသွားကြောင်းကို ဖွင့်ဟပြောဆိုခဲ့သည်။                                                                                                                 

(HWY)






အခြားဆက်စပ်သတင်းများ