နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စျေးရောင်းချချိန်ပြောင်းလဲသတ်မှတ်

ရန်ကုန် ဧပြီ ၁၈ ကျောက်တံတားမြို့နယ်တွင်းရှိ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ၃၈ လမ်း၊ အနော်ရထာလမ်း၊ ဆိပ်ကမ်းသာလမ်းတို့တွင် လမ်းနယ်နိမိတ်တွင်း၌ ရောင်းချလျက်ရှိသော လမ်းဘေးပျံကျစျေးသည်များကို ဧပြီ ၂၀ ရက် မှစတင်ပြီး ညနေပိုင်းစျေးရောင်းချခြင်း မပြုလုပ်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။ လမ်းဘေးပျံကျစျေးသည်များကို နံနက် ၆ နာရီမှ ၁၂ နာရီအထိသာ ရောင်းချပေးရန်၊ စျေးရောင်းချ သည့်ဆိုင်များ သည်လည်း အနည်းဆုံး ၆ ပေခွာရောင်းချရန်နှင့် စျေးရောင်းချသူများအနေဖြင့်လည်း နှာခေါင်း စည်း၊ လက်အိတ်များဝတ်ဆင်ပြီးရောင်းချကြရန် အသိပေးထားသည်။ စျေးရောင်းချသူများသည် အဆိုပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူ ခြင်းခံကြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ ဧပြီ ၁၉ ရက် နံနက်ပိုင်းက စျေးသည်များကို အသိပေးအကြောင်းကြားထားပြီးဖြစ်သည်။ (NWA)






အခြားဆက်စပ်သတင်းများ