နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AFI နာမည်ကျော် အမေရိကန်ရုပ်ရှင်ပွဲတော် အွန်လိုင်းပွဲတော်အနေဖြင့် ကျင်းပသွားမည်

   ဩဂုတ်  ၁၄


ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် နာမည်ကြီးရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည့် အမေရိကန်ရုပ်ရှင်ပွဲတော် (AFI)ကို အွန်လိုင်းတွင်သာကျင်းပနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်း ကြေညာချက်ကို ဩဂုတ် ၁၁ ရက်ကထုတ်ပြန်ထားပြီး အစကစက်တင်ဘာလထဲတွင်ပုံမှန်အတိုင်း ကျင်းပရန် စီစဉ်ထားသည့်ပွဲတော်ကို  အောက်တိုဘာလသို့ရွှေ့ဆိုင်းကာ Virtutal ပွဲတော်အနေဖြင့် ကျင်းပတော့မည် ဖြစ်ကြောင်း သိရသည်။ 

ပွဲကျင်းပမည့် အစီအစဉ်အသေးစိတ်ကို စက်တင်ဘာလထဲတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကာ အွန်လိုင်း ပွဲတော်အနေဖြင့် အောက်တိုဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားရန်စီစဉ်ထားသည်။ 

၁၉၆၇ ခုနှစ်ကတည်းကစတင်ခဲ့သည့် အမေရိကန်ရုပ်ရှင်ပွဲတော်(AFI)သည် နှစ်စဉ် အကောင်းဆုံး ရုပ်ရှင်ကား ၁၀ ကားဖြင့် ရုပ်သံအစီအစဉ် ၁၀ ခုကိုရွေးချယ်ချီးမြှင့်လာခဲ့ပြီး ပြီးခဲသည့်နှစ်က အကောင်းဆုံး ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားအဖြစ် 1917၊ The Farewell၊ The Irishman၊ Jojo Rabbit၊ Joker၊ Knives Out၊ Little Women ၊ Marriage Story၊ Once Upon a Time in… Hollywood ၊ Richard Jewell တို့ကိုရွေးချယ်ခဲ့ပြီး အထူးဆုအဖြစ် နာမည်ကျော်ကိုရီးယားရုပ်ရှင် Parasite ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ