နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပပြန် လုပ်သားများ အလုပ်ပေးရာတွင် နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားမှာ ၁၀ ရာခိုင်နှုန်းသာရှိ

ရန်ကုန်    ဩဂုတ်   ၁၄


ပြည်ပမှ အမိနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂ သိန်းကျော်အနက် လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သည့် လုပ်သားဦးရေမှာ ၂ သောင်းခွဲဦးရေသာရှိနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

အဓိကအနေဖြင့် ကျွမ်းကျင်လုပ်သားများကို လုပ်ငန်းနယ်ပယ်အသီးသီးတွင် အလုပ်အကိုင် ချိတ်ဆက်ရှာဖွေ ပေးနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာနက စာရင်းကောက်ခံပေး နေခြင်းဖြစ်ကြောင်း သိရသည်။ 

“ ကောက်ခံတဲ့ စာရင်း အချက်အလက်တွေအရတော့ လုပ်ငန်း ကျွမ်းကျင်တယ်လို့ သက်ဆိုင်ရာနိုင်ငံတွေက လုပ်ငန်းရှင်တွေရဲ့ ထောက်ခံချက် Skill လက်မှတ်ပါလာသူ ဦးရေက ၂၅၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

ထို့ပြင် လုပ်ငန်း Skill ကျွမ်းကျင်လုပ်သားများကို အလုပ်လိုအပ်သည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပေးခြင်းများကို လုပ်ဆောင်ပေးနေပြီး၊ Labour exchange office များကလည်း အလုပ်အကိုင်များ ရှာဖွေ ချိတ်ဆက်ပေးနေကြောင်း သိရသည်။ ကောက်ခံပြီးသည့် စာရင်းများအရ အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့်  စားသောက်ကုန် လုပ်ငန်းကျွမ်းကျင်မှုများကို အများဆုံးတွေ့နေရကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့်  COVID ကာလအတွင်း ကျွမ်းကျင်လုပ်သားရှားပါးသည့်ပြဿနာကို ပြည်တွင်း စီးပွားရေးလုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းရှင်အများစုက ရင်ဆိုင်နေရကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ