နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာအရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ်တို့တွင် မဲရုံ ၆၂၆ ရုံရှိပြီး မဲဆန္ဒရှင် ၅၀၀၀၀၀ ကျော်ရှိ

ရန်ကုန်    ဩဂုတ်     ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့်လှိုင်သာယာအနောက်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရန်အတွက် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ မဲစာရင်းများကိုကြည့်ရှုနိုင်ရန်တိုးမြှင့်ထုတ်ပြန်ထားရာ အရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့နယ်နှစ်ခုတွင် မဲရုံပေါင်း ၆၂၆ ရုံနှင့်မဲပေးနိုင်သောမဲဆန္ဒရှင် ၅၀၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၉ ခု၊ ကျေးရွာအုပ်စု(၅)ခု၌ မဲရုံပေါင်း ၃၃၉ ရုံထားရှိပြီး မဲဆန္ဒရှင်၃၁၂၈၂၂ဦးရှိကြောင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၌ ရပ်ကွက်ပေါင်း ၁၁ ခု၊ ကျေးရွာအုပ်စု(၄)ခုရှိပြီး မဲရုံပေါင်း ၂၈၇ ရုံထားရှိ၍ မဲဆန္ဒရှင် ၂၅၃၂၀၆ ဦးရှိကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်တွင် အရှေ့ပိုင်းမြို့နယ်၌ အိမ်ထောင်စု ၁၁၁၈၂၆ စု၌ လူဦးရေ ၃၉၆၇၁၂ ဦးနှင့်အနာက်ပိုင်းမြို့နယ်တွင် အိမ်ထောင်စု ၈၂၇၃၄ စု၌ လူဦးရေ ၃၂၀၇၃၆ ဦးရှိကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းနှင့်ကိုယ်ရေးအချက်အလက်များ မှားယွင်းပါက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ သတ်မှတ်ပုံစံဖြင့် တောင်းဆိုလျှောက်ထားရမည်ဖြစ်ပြီး မဲစာရင်းတွင်ထည့်သွင်းရန် တောင်းဆိုသည့်ပုံစံ ၃ လျှောက်ထားသူ အရှေ့ပိုင်းမြို့နယ်တွင် ဩဂုတ် ၁၂ ရက်ထိ ၁၁၈၈၂ ဦးနှင့် မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာပုံစံ ၄ လျှောက်ထားသူ ၂၀၂ ဦး၊ မဲစာရင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်လွှာပုံစံ(၄-ဂ)လျှောက်ထားသူ ၁၇၅၃ ဦးရှိကြောင်း၊ အနောက်ပိုင်းမြို့နယ်တွင် ပုံစံ ၃ လျှောက်ထားသူဩဂုတ် ၁၂ ရက်ထိ ၄၈၀၂ ဦး၊ ကန့်ကွက်လွှာပုံစံ ၄ လျှောက်ထားသူ ၈၃၉ ဦး၊ ပြင်ဆင်လွှာ ပုံစံ(၄-ဂ)လျှောက်ထားသူ ၃၉၈၂ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ သိရသည်။

မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားပြီး ဒုတိယအကြိမ်မဲစာရင်းများကို အောက်တိုဘာလတွင်ထပ်မံကပ်ထားမည်ဖြစ်ရာ မဲရုံတစ်ရုံလျှင်မဲဆန္ဒရှင် ၅၀၀ မှ ၁၅၀၀ ကျော်ထိ မဲပေးနိုင်ရန် လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှစ်ခုမှ စီမံဆောင်ရွက်ထား လျက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲပေးခွင့်ရရှိရန် ရပ်ကွက်၊ ကျေးရွာရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌မိမိ အမည်စာရင်းပါရှိမှုကို လာရောက်ကြည့်ရှု ကြရန်နှင့်မိမိကိုယ်တိုင်မဲပေးမှသာ မိမိစိတ်ကြိုက်အစိုးရအဖွဲ့ကိုရရှိ မည်ဖြစ်၍ လူတိုင်းမွေးရာပါ တာဝန်တစ်ရပ်အနေဖြင့်မဲပေးကြရန် အရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှစ်ဦးမှ နှိုးဆော်ထားပြီး လှိုင်သာယာမြို့နယ်အရှေု့ပိုင်းနှင့်လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တို့တွင်မဲရုံပေါင်း ၆၂၆ ရုံနှင့်မဲဆန္ဒရှင် ၅၆၈၀၂၈ ဦးရှိကြောင်း သိရသည်။                                               


 (၁၁၂)






အခြားဆက်စပ်သတင်းများ