နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Fever Clinics များတွင် တီဘီရောဂါလူနာများကို ရောဂါရှာဖွေကုသပေး

ရန်ကုန်၊ ဩဂုတ် ၁၄


 ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​း မြို့နယ်​ ၂၀ တွင်​ ဖွင်​့လှစ်​ထား​သော ကိုဗစ်​ကာလ၏ အခမဲ့ ဖျားနာသီးသန့်​ ဆေးခန်​း( Ferver Clincs )များတွင်​ ဖျားနာလူနာများအပြင်​ တီဘီ​ရောဂါရှိလူနာများကို ​ရောဂါရှာ​ဖွေ   စမ်​းသပ်​စစ်​​ဆေး​ခြင်​း နီးစပ်​ရာကျန်​းမာ​ရေးဌာနများတွင်​ ကုသမှုခံယူရန်​စီစဉ်​​ပေးခြင်​းတို့ကို ​ဆောင်​ရွက်​​ပေး​နေ​ကြောင်​း လူထုအ​ခြေပြုဖျားနာလူနာကုသ​ဆေးခန်​းများ ကွန်​ရက်​(ရန်​ကုန်​)မှသိရသည်​။


" ကျွန်​​တော်​တို့က မြို့နယ်​  ၂၀ မှာ ဖျားနာသီးသန်​့​ဆေးခန်​း ( Ferver Clincs) တွေ ဖွင်​့ထားပါတယ်​။ တချို့ မြို့နယ်​​တွေမှာဆိုလည်​း နီးစပ်​ရာ​ဆေးရုံ​တွေနဲ့ပူး​ပေါင်းပြီး ဖွင့်လှစ်​ထားတာရှိတယ်​။ ဒီ​ဆေးခန်​း​တွေ မှာ ကိုဗစ်​ကာလရဲ့ ဖျားနာလူနာစစ်​​ဆေး​ပေးတာ​တွေအပြင်​ တီဘီ​ရောဂါတိုက်​ဖျက်​​ရေးအတွက်​ တီဘီရောဂါစစ်​​ဆေးတာ​တွေ​ကိုလည်​း အခမဲ့ဆောင်​ရွက်​​ပေးပါတယ်​။ အခု သြဂုတ်​ ၁ ရက်​​က​နေ  လလယ်​ပိုင်​း ဒီ​နေ့ အထိဆိုရင်​ ဒီ​ဆေး​ခန်​း​တွေမှာ တီဘီ​ရောဂါလူနာ​ပေါင်​း ၄၀ဝ ​ကျော်​​လောက်​ လာပြကြတယ်​။ ဒါကို​ ရောဂါ ရှာဖွေစစ်​​ဆေးလိုက်​တဲ့အခါမှာ တီဘီရောဂါလက္ခဏာတွေ့ရှိသူလူနာ ၅၀ ​ကျော်​​လောက်​ရှိ​နေတယ်​။ ဒါကို ကျန်​းမာ​ရေးကုသမှုခံယူဖို့ နီးစပ်​ရာကျန်​းမာ​ရေးဦးစီးဌာန​တွေနဲ့ချိတ်​ဆက်​ပြီး​ ဆောင်​ရွက်​​စေပါတယ်​။ အခု​နောက်​ပိုင်​းတဖြည်​းဖြည်​းနဲ့ လူနာနည်​းလာတဲ့ မြို့နယ်​​တွေကိုလည်​း ​တစ်​မြို့နယ်​ ​ဆေးခန်​းတစ်​ခုမလုပ်​​တော့ ဘဲ ​လေးမြို့နယ်​ကို​   သင်​့တင်​့တဲ့​နေရာမှာ ဆေးခန်​းတစ်​ခုဖွင်​့သွားဖို့ လုပ်​​ဆောင်​​နေပါတယ်​"ဟု လူထုအ​ခြေပြု ဖျားနာလူနာကုသ​ဆေးခန်​းများ ကွန်​ရက်​(ရန်​ကုန်​)တာဝန်​ခံ ​ဒေါက်​တာ​ကျော်​မင်​းထွန်​းက​ပြောသည်​။

ကိုဗစ်​ကာလအတွင်​း ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​း လှိုင်​သာယာ၊ အင်​းစိန်​၊ မရမ်​းကုန်​း၊ ရွှေပြည်​သာ၊ တောင်​ဥက္ကာလာပ၊ ရန်​ကင်​း၊ တာ​မွေ၊ မင်္ဂလာ​တောင်​ညွန့်၊ သာ​ကေတ၊ ဒေါပုံ အပါအဝင်​ မြို့ နယ်​ ၂၀ တွင်​ ဖွင်​့လှစ်​ထား​သော ဖျားနာသီးသန်​့​ဆေးခန်​း( Ferver Clincs )များတွင်​ ကိုဗစ်​ကာလ၏ ဖျားနာလူနာများကို ကုသ​ပေးသည်​့အပြင်​ ရွေ့လျားတီဘီ​ရောဂါရှိ​ဖွေ​ရေးစက်​ဖြင့်​ စမ်​းသပ်​စစ်​​ဆေး​ပေးခြင်​း၊ ​ရောဂါသံသယရှိပါက သလိပ်​များပါ စစ်​​ဆေး​ပေး​ကြောင်​းသိရသည်​။  သြဂုတ်​ ၁ ရက်​မှ စတင်​ကာ ယ​နေ့အချိန်​ထိ တီဘီရောဂါလူနာ အ​ယောက်​ ၄၀ဝ ခန်​့ လာ​ရောက်​ပြသကြပြီး ယ​ခုလလယ်​ပိုင်​းအထိ ​တီဘီ​ရောဂါ​တွေရှိသူ ၅၀ ဝန်​းကျင်​ခန်​့ရှိ​ကြောင်​း သိရသည်​။ တီဘီ​ရောဂါစမ်​းသပ်​​တွေ့ရှိသူများအား နီးစပ်​ရာကျန်​းမာ​ရေးဌာနများနှင်​့ ဆက်​သွယ်​ကာတီဘီ​ရောဂါတိုက်​ဖျက်​​ရေး​အတွက်​ ဆက်​လက်​ကုသ​ဆောင်​ရွက်​​​သွားနိုင်​ရန်​ စီစဉ်​​ပေး​ကြောင်​းသိရသည်​။

ထို့ပြင်​ ကိုဗစ်​ကာလအတွင်​း  ရာသီအကူးအ​ပြောင်​းတွင်​အဖြစ်​များ​သော  ကိုယ်​ပူချိန်​တက်​ခြင်​း၊  လည်​​ချောင်​းနာ၊ ချောင်​းဆိုး၊ နှာ​စေးဖြစ်​​နေသည်​့ လူနာများ၊ အနံ့၊ အရသာ ရုတ်​တရက်​​ပျောက်​​သောလူနာများ၊ COVID-19​ ရောဂါပိုးရှိ​သော Positive လူနာများနှင်​့ ထိ​တွေ့ဖူးခဲ့သူများ၊ ခရီးသွားရာဇဝင်​ရှိသူများကို ​ရောဂါ    စစ်​​ဆေးခြင်​း၊ လက်​ခံကုသ​ပေးခြင်​းနှင်​့ COVID-19 သံသယလူနာများကိုစစ်​​ဆေးကာ ​ချွေးထုတ်​ပြီး လိုအပ်​လျှင်​ ​ဆေးရုံသို့ပို့​ဆောင်​ကာ ​ဆောင်​ရွက်​​ပေး​ကြောင်​းသိရသည်​။

 ထိုဖျားနားသီးသန်​့​ဆေးခန်​း (Ferver Clinics ) တွင်​ ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​းရှိ ​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးများရှိ ဖျားနာကုဌာနများမှ ဆရာဝန်​ကြီးများ၊ အမျိုးသားတီဘီ​ရောဂါတိုက်​ဖျက်​​ရေးမှ ဆရာဝန်​များက ​စေတနာ့ဝန်​ထမ်​းအဖြစ်​ လာ​ရောက်​၍ ရက်​သတ္တတစ်​ပတ်​တွင်​ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသ​တေး၊ သောကြာ၊ စ​နေ​နေ့များတွင်​ မြို့နယ်​အလိုက်​ နံနက်​ ၉ နာရီမှ ၁၂  နာရီအထိ ဖွင်​့လှစ်​​ပေးကာ အခမဲ့ကျန်​းမာ​ရေးဝန်​​ဆောင်​မှု​ပေး​ကြောင်​း သိရသည်​။

မင်းခ






အခြားဆက်စပ်သတင်းများ