နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်မဲမြို့နှင့် ပေါင်းလောင်းမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျောက်မဲ ဩဂုတ် ၁၄


  ဩဂုတ် ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဇော်ခင်(ခ)ဖိုးခင်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရဲမင်းထွန်း(ခ)ငပွား၊ ထွန်းထွန်းဦး(ခ)တောက်ထွန်း တို့အားတွေ့ရပြီး ဇော်ခင်(ခ)ဖိုးခင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၅၄ ပြားနှင့် ဘိန်းဖြူ ၀ ဒသမ ၀၃၄၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ခင်(ခ)ဖိုးခင်(၄၆)နှစ်၊ ရဲမင်းထွန်း (ခ)ငပွား(၂၅)နှစ်၊ ထွန်းထွန်းဦး(ခ)တောက်ထွန်း(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီကြိုးတံတားထိပ်တွင် ဘစံ မောင်းနှင်လာသည့် Mazada Bongo အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၉၇ ကီလို၊  ဘိန်းဆီခဲ ၀ ဒသမ ၄ ကီလိုနှင့် ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ သဖြင့် ဘစံ(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။   


ဆွေဦး






အခြားဆက်စပ်သတင်းများ