နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကရင်အာဇာနည်နေ့ အခမ်းအနား ပိတ်ပင်ဖျက်ဆီးခံရခြင်းအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၁၄


နှစ်(၇၀) ပြည့် ကရင်အာဇာနည်နေ့အား ပိတ်ပင်ဖျက်ဆီးခံရခြင်းအပေါ် သတင်းစာရှင်းလင်းပွဲအား   သြဂုတ် ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က လှည်းတန်းလမ်းဆုံအနီး ဦးထွန်းလင်းခြံလမ်း စာပေလောက စာအုပ်ဆိုင်၏အပေါ်ထပ် တတိယအလွှာတွင် ပြုလုပ်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲကိုဒေါ်နော်အုန်းလှl စောထွန်းထွန်း၊ နော်ဆဲဆဲ ၊ စသိန်းဇော်မင်း ၊ စောကွာလာနှင့် နော်နမ့်မေသဉ္ဇာတို့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ "မနေ့က ကျွန်မတို့လုပ်တဲ့ပွဲက ပိတ်ပင်ဖျက်ဆီးခံရ   တယ်။ ကျမတို့က ရိုးသားခဲ့တယ်။ အစိုးရဘက်က ကျမတို့အပေါ် မရိုးသားဘူး။ ဒါကြောင့် အစိုးရကိုမယုံတော့ ဘူး"ဟု နော်နမ့်မေသဉ္ဇာကပြောသည်။

သတင်းစာရှင်းလင်းပွဲကို Covid-19 ဆိုင်ရာ ကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းနှင့်အညီ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာ ၁၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။ "ကျွန်တော်တို့ကို (ပ)နံပါတ်တော့မပြောလိုက်ဘူး။ ၁၅ ရက်အတွင်း ငြိမ်းစုစီပုဒ်မ၂၀ နဲ့တရားစွဲမယ်လို့တော့ပြောတယ်"ဟု စသိန်းဇော်မင်း ကပြောသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ NLD CEC ကအခမ်းအနားဦးဆောင်သူများကို ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ဩဂုတ် ၁၄ ရက်၊ မွန်းလွဲ  ၁ နာရီတွင် တွေ့ဆုံ ဆွေးနွေးရန် ချိန်းဆိုထားကြောင်း သတင်းစာရှင်းလင်းပွဲဦးဆောင်သူ တစ်ဦးဖြစ်သည့် စောထွန်းထွန်းက ပြောသည်။

နှစ်(၇၀)ပြည့် ကရင့်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်၌ ဩဂုတ် ၁၂ ရက်၊ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်တံတားမြို့နယ် ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ က သတ်မှတ်ထားသည့် အချိန်မစေ့မီလာရောက်တားမြစ်ခဲ့ပြီး အခမ်းအနားတွင်လွှင့်တင်ထားသည့် ကရင်အမျိုးသားအလံကို ဖြုတ်ချခံခဲ့ရသည်။ ယင်းနောက်အခမ်းအနားသို့ ရောက်ရှိနေသည့် ဒေါ်စိန်ထွေးအား ယမန်နှစ်က ၆၉ နှစ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ရာတွင် ခွင့်ပြုမိန့်မတင်သည့်အမှုဖြင့်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကရင်လူငယ်များဖြစ်သည့် စသိန်းဇော်မင်း နှင့် စောကွာလာတို့ကိုလည်း ရဲစခန်းသို့ ခေါ်ယူသွားခဲ့သည်။ ရဲစခန်းတွင် စသိန်းဇော်မင်းနှင့်စောကွာလာတို့ကို ကိုယ်ရေးအချက်အလက် မေးမြန်းစိစစ်ပြီး ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"မစိန်ထွေးကတော့ မနှစ်ကအမှုအတွက် အဖမ်းခံရပြီး ထောင်တန်းပို့လိုက်တယ်။ ဒီကလေး   ၂ ယောက်ကိုတော့ စခန်းခေါ်သွားပြီး မေးစမ်းပြီးပြန်လွှတ်တယ်။ ဘာဆက်ဖြစ်အုံးမယ်မသိသေးဘူး။ မနေ့ကဖြစ်စဉ်တော့ အတော်ရုပ်ဆိုးပါတယ်။ အဲဒီအတွက်ကျွန်မတို့ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တရားစွဲဆိုသွားဖို့ စီစဉ်နေပါတယ်"ဟု နော်အုန်းလှက ပြောသည်။


ရွှေမြင့်ဦး(ရွေပြည်သာ)






အခြားဆက်စပ်သတင်းများ