နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန် ၊ ဧပြီ ၁၈ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း၌ ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ရေးသုံးပစ္စည်း ပေးအပ်လှူဒါန်းခြင်းကို ဧပြီ ၁၇ ရက်နေ့၊ ညနေ ၄:၀၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အလှူရှင် ဒေါက်တာ ဖြိုးသီဟနှင့် ဒေါက်တာဝင်းပြည့်စုံ မိသားစုမှ တန်းဖိုးငွေကျပ် တစ်သိန်းရှိ Face Shield ၄၀ ခု၊ Mask Straps ၂၀ ခုတို့အား လှူဒါန်းရာ ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ တင်တင်ချို ပြန်/ဆက်






အခြားဆက်စပ်သတင်းများ