နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာမေးပွဲအဖြေလွှာ ပြန်စစ်ပေးရန် လျှောက်ထားမှုကို လတ်တလောတွင် ခွင့်ပြုမည်မဟုတ်

ရန်ကုန် ဩဂုတ်  ၁၄


တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားမှုများကို လတ်တလောတွင် ခွင့်ပြုမည်မဟုတ်ဘဲ လျှောက်ထားနိုင်သည့် အချိန်နှင့် အစီအစဉ်အသေးစိတ်ကို ကြိုတင်ကြေညာပေးသွားမည် ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အဖြေလွှာပြန်စစ်ပေးရန် လျှောက်လွှာကိစ္စကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီထံတင်ပြသွားမည်ဖြစ်ပြီးကော်မတီမှ ခွင့်ပြုမှသာအဖြေလွှာပြန်လည်စစ်ဆေးခြင်း    လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖြေလွှာပြန်လည်စစ်ဆေးရန်အတွက် ဖြေဆိုသူကိုယ်တိုင်(သို့မဟုတ်)မိဘကစာစစ်ဦးစီးဌာနရုံးများသို့ တင်ပြရမည်ဖြစ်ပြီး ယင်းစာမေးပွဲအဖြေလွှာကိုဘာသာရပ်အလိုက် စာစစ်မှူးချုပ်များဦးဆောင်သည့် စာစစ်အဖွဲ့ က ပြန်စစ်ဆေးကာ မူလစစ်ဆေးမှုများနှင့် ကွဲလွဲမှုရှိ၊ မရှိကိုအကြောင်းပြန်ပေးရမည်ဖြစ်သည်။

COVID-19 ကပ်ရောဂါအန္တရာယ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဩဂုတ် ၉ ရက်က ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့ပြီး ဩဂုတ် ၁၀ ရက်တွင် ကျောင်းအလိုက်အောင်စာရင်းများကို အခြေခံပညာအထက်တန်းကျောင်းများတွင် ကပ်ထားခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ