နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
NLD ကို ဦးဆောင်သူများကြားတွင် နေရာလုခြင်းဆိုတာမရှိခဲ့ဘူးဟုဆို

ရန်ကုန်  ဩဂုတ်  ၁၄


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုဦးဆောင်သည့်ဗဟိုအလုပ်မှုဆောင်အဖွဲ့များကြားတွင် နေရာလုခြင်းဆိုတာ မည်သည့်အခါကမျှမရှိခဲ့ဘူးဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ပြောကြားခြင်းအပိုင်း(၂)တွင်ထည့်သွင်းပြောကြားလိုက်သည်။

NLD ၏အစဉ်အလာသည်နေရာလုခြင်းမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် နေရာပေးခြင်း၊ တစ် ယောက်ပေါ် တစ်ယောက် သစ္စာစောင့်သိခြင်း၊ တစ်ယောက်ကိုတစ်ယောက် ကူညီကာကွယ်ခြင်းကသာ NLD၏ အစဉ်အလာဖြစ်သည်ဟု ၎င်းကပြောသည်။

ယခုကဲ့သို့  ဦးဆောင်သူများကြားတွင် နေရာလုခြင်းဆိုတာမရှိသော်လည်း  အဖွဲ့ဝင်များကြားတွင်တော့ လူ့သဘာဝအရ၊ အဖွဲ့အစည်းများ၏  သဘာဝအရယင်းအစဉ်အလာကို   တစ်ယောက်နှင့် တစ်ယောက်ရန်   လုပ်ခြင်းများရှိခဲ့သည်ဟုလည်း ထုတ်ဖော်ပြောကြားလိုက်သည်။

သို့သော် မည်သို့သောပြဿနာများဖြစ်ခဲ့ဖြစ်ခဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မူလကတည်းက ထိန်းသိမ်းခဲ့သည့် တန်ဖိုးထားများကို လက်မလွှတ်ဘဲယခုအချိန်ထိ ယင်းတန်ဖိုးထားများ ဆက်ပြီးရှင်သန် အောင်ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ