နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန္တရာယ်ရှိအပင်များရှင်းလင်း၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၄


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းတွင် အုပ်မိုးကိုင်းများရှင်းလင်းခြင်း၊ ကမာရွတ်မြို့နယ် အထက(၃)ကျောင်းဝင်းမြက်ခြုံပိတ်ဆို့ပင်များရှင်းလင်းခြင်း၊ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုင်းစစ်သံရုံးဝင်းအတွင်း ပိတ်ဆို့ပင်များရှင်းလင်းခြင်း၊ လှိုင်မြို့နယ် အလက(၇)ကျောင်းဝင်းအတွင်းမြက်ခြုံများရှင်းလင်းခြင်း၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းတွင် မီးကြိုးသွယ်တန်းရန် သစ်ကိုင်းဖြတ်တိခြင်း၊ အင်းစိန်မြို့နယ် မြို့သစ်(ခ)ရပ်ကွက် (၄)လမ်းတွင်လမ်းနှင့်မလွတ်ကင်းသည့်ညောင်ပင်ရှင်းလင်းခြင်း၊ လှိုင်သာယာမြို့နယ် အမှတ်(၅)လမ်းမဝဲယာမြက်ခြုံရှင်းလင်းခြင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့်အင်းစိန်မြို့နယ် မင်းကြီးလမ်းတို့တွင်အောက်တက်အပင်များရှင်းလင်းခြင်း၊ မရမ်းကုန်းမြို့နယ် သံသုမာလမ်း အပင်​​ခြောက်ရှင်းလင်းခြင်း၊ လှိုင်သာယာမြို့နယ် သုံးထပ်ကျောင်းရှေ့အာသောကပင်လဲပြိုမှုရှင်းလင်းခြင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆)ရပ်ကွက် ရတနာထိပ်ခေါင်လမ်း ပိတောက်ပင်လဲ၍ ဓါတ်ကြိုးပေါ်ပိနေမှုအားဖယ်ရှားရှင်းလင်းခြင်း၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်း ဝါးရုံရှင်းလင်းခြင်း၊ ပန်းဘဲတန်းမြို့နယ် အထက(၁)ကျောင်းဝင်းပရုတ်ပင်ကိုင်းကျိုးပဲ့ကျမှုရှင်းခြင်း၊ စမ်းချောင်းမြို့နယ် အထက(၂)ကျောင်းဝင်းပိတောက်ပင်ကိုင်းပဲ့ကျမှုရှင်းခြင်း၊ လှိုင်မြို့နယ် ပါရမီလမ်းနှင့်မင်းဓမ္မလမ်းထောင့်စိန်ပန်းပင်အမြစ်ကြွမှုရှင်းလင်းခြင်း၊ လှိုင်သာယာမြို့နယ် အထက(၄)ကျောင်းဝင်းမြက်ခြုံရှင်းခြင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်းပန်းကွက်ပြင်ဆင်ခြင်း၊ သာကေတမြို့နယ် ဧရာဝဏ်အဝိုင်းမြက်စိုက်ခြင်း၊ မရမ်းကုန်းမြို့နယ် မြိုင်ဟေဝန်ပန်းခြံစိမ်းလန်းစိုပြည်ရေးဆောင်ရွက်ခြင်း၊ ကမ္ဘာအေးဘုရားလမ်းအင်းလျားကန်ပေါင်ရှေ့လူသွားစင်္ကြန်ဘေးမြက်ဖြည့်စိုက်ခြင်း၊ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၄)လမ်း မြောင်းမလွတ်အပင်ရှင်းပြီးခရေပင်အစားထိုးစိုက်ခြင်း၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းလယ်ကျွန်း ထန်းပင်ပုံသွင်းခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ