နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်ရှိ ဈေးများ၌ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကာကွယ်နိုင်ရေးအတွက် ဈေးသူဈေးသားနှင့်ဈေးဝယ်သူများအား mask များဝေငှပေး

ရန်ကုန် ၊ ဧပြီ ၁၈ တောင်ဥက္ကလာပမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ နာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့် မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဧပြီ ၁၇ ရက်က တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် ငွေယမုံဈေးနှင့် ဒေဝဒဟလမ်း ဈေးများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်‌ရေးအတွက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများ mask တပ်ဆင်အသုံးပြုရန် လိုက်လံနှိုး‌ဆော် စစ်ဆေးပြီး လိုအပ်သူများကို mask များဝေငှ လှူဒါန်းပေးခဲ့သည်။ ထိုသို့ဝေငှပေးနိုင်ရန် တောင်ဥက္ကလာပစက်မှုဇုန်ဥက္ကဋ္ဌ ဦးကောင်းမှ mask အခု ၁၀၀၀ နှင့် အမေ့ရည်မှန်းချက် ပညာဒါနသင်တန်းကျောင်း ဂျပန်စာ ဆရာမ ဒေါ်သီတာဦးမှ ကျပ် (၅)သိန်းတန်ဖိုးရှိ mask များကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ နေထက်အောင်






အခြားဆက်စပ်သတင်းများ