နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်းလိုင်းခေတ္တရပ်ဆိုင်းထားမည်

ရန်ကုန် ၊ ဧပြီ ၁၈ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် အသွားအလာကန့်သတ်ထားသောကာလအတွင်း မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်းပြည်ပ ‌လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ် ကြောင်းကို မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဧပြီ ၁၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ထားသည်။ ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များကို Full Refund နှင့် Free Date Change ပြုလုပ်ပေးသွားမည်ဖြစ်သည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက contactus@flymna.com သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ကြောင်း မြန်မာ့လေကြောင်းလိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြောသည်။ ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အကယ်၍ ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက MNA Call Center +951378603-04-06-07-08-၊ +951 377840-41-42 များသို့ ဆက်သွယ်မေးမြန်းနိုင်သည်။ WP






အခြားဆက်စပ်သတင်းများ