နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီကွေဒေါနိုင်ငံတွင် COVID-19 ‌ကြောင့် သေဆုံးသူအရေအတွက်ကို ဖုံးကွယ်ထားဖွယ်ရှိ

ဧပြီ ၁၈၊ ကွီတို အီကွေဒေါနိုင်ငံတွင် COVID-19 ‌ကြောင့် သေဆုံးခဲ့သည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည့် အရေအတွက်မှာ ၄၀၃ ဦးရှိသော်လည်း ပြည်နယ်တစ်ခု၏ သေဆုံးသူစာရင်းသစ်အရ လူထောင်ချီ သေဆုံးခဲ့ဖွယ်ရှိသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ဧပြီလ ပထမနှစ်ပတ်အတွင်း ဂွာယာပြည်နယ်တွင် လူ ၆၇၀၀ သေဆုံးခဲ့သည်ဟု အီကွေဒေါအစိုးရက ပြောသည်။ ပုံမှန်အားဖြင့် ဂွာယာပြည်နယ်တွင် တစ်လလျှင် သေဆုံးသူ ၂၀၀၀၊ ရက်သတ္တနှစ်ပတ်လျှင် သေဆုံးသူ ၁၀၀၀ သာရှိသည်။ ဂွာယာပြည်နယ်မြို့တော် ဂွာယာကေးမြို့မှာ အီကွေဒေါနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး အီကွေဒေါနိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် မြို့ဖြစ်သည်။ ဘီဘီစီသတင်းဌာနက ရရှိသည့် ရုပ်သံမှတ်တမ်းအရ နာရေးဖြစ်သည့် နေအိမ်များတွင် ရုပ်အလောင်းများကို ၅ ရက်ကြာ သိမ်းဆည်းထားရကြောင်း တွေ့ရသည်။ သေဆုံးသူ မြင့်တက်လာခြင်းကို အာဏာပိုင်များက အလျင်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အာဏာပိုင်များက ဂွာယာကေးမြို့သို့ ကတ်ထူဖြင့် လုပ်ထားသည့် အခေါင်းထောင်ချီ ပေးပို့ခဲ့သည်။ ထို့အပြင် အလောင်းကို ဖယ်ရှားရန် အခက်တွေ့နေသည့် မိသားစုများကို အကူအညီပေးမည့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။ ယခုရက်သတ္တပတ်အစောပိုင်းက ဂွာယာကေးမြို့ နေအိမ်များမှ အလောင်း ၇၇၁ လောင်းကို ဖယ်ရှားပေးခဲ့ရကြောင်း အဆိုပါပြဿနာကို ဖြေရှင်းပေးနေသည့် ရဲတပ်ခေါင်းဆောင်က ပြောသည်။ အီကွေဒေါနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၈၂၂၅ ဦးရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။ သို့သော် အကျယ်တဝင့် စမ်းသပ်စစ်ဆေးမှု မလုပ်ခြင်းကြောင့် ရောဂါပိုးရှိသူများ ငုပ်လျှိုးနေဖွယ်ရှိသည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ