နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကချေသည်သုံးဦးကို ဓားဖြင့်ထိုးခဲ့သည့် ယီမင်အမျိုးသားကို ဆော်ဒီနိုင်ငံတွင် ကွပ်မျက်

ဧပြီ ၁၈၊ ရီယာ့ဒ် ဆော်ဒီနိုင်ငံရှိ ဖျော်ဖြေပွဲအခမ်းအနားတွင် အနည်းဆုံး စပိန်ကချေသည် သုံးဦးကို ဓားဖြင့် ထိုးခဲ့သူတစ်ဦးကို ကွပ်မျက်ခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က ဆော်ဒီနိုင်ငံ မြို့တော် ရီယာ့ဒ်မြို့ရှိ အဗ္ဗဒူလာဘုရင်ပန်းခြံတွင် ကျင်းပခဲ့သည့် ပွဲလမ်းအခမ်းအနားတွင် အမျိုးသားတစ်ဦးက ဇာတ်စင်ပေါ်တက်ပြီး ဇာတ်အဖွဲ့ကို ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်အရွယ်ရှိသည့် ယီမင်နိုင်ငံသား အယ်မန်ဆူရီမှာ အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည်ဟု ဆော်ဒီနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ဆော်ဒီနိုင်ငံတွင် ကွန်ဆာဗေးတစ်အမြင်ရှိသည့် ဘာသာရေးခေါင်းဆောင်များ ချမှတ်ထားသည့် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် အဆိုပါတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အယ်လ်မန်ဆူရီကို အထူးတရားရုံးက အကြမ်းဖက်မှုဖြင့် စွဲချက်တင်ပြီး ရုံးတင်စစ်ဆေးခဲ့ရာ ယီမင်နိုင်ငံမှ အယ်လ်ကေးဒါးအဖွဲ့ခေါင်းဆောင်တစ်ဦး၏ ညွှန်ကြားချက်အရ တိုက်ခိုက်မှုအပါအဝင် စွဲချက်အများအပြားအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းကို ပြီးခဲ့သည့်ကြာသပတေးနေ့က ရီယာ့ဒ်မြို့တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်သည်ဟု အယ်လ်ကေးဒါးအဖွဲ့က ပြောခဲ့ ခြင်းမရှိပေ။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ