နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိကတိုက်မှာ COVID-19 ကူးစက်မှုဗဟိုချက်သစ် ဖြစ်လာနိုင်သည်ဟု WHO သတိ‌ပေး

ဧပြီ ၁၈၊ ဂျီနီဗာ အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမည့် နောက်ထပ်ဗဟိုချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးထားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အာဖရိကတိုက်တွင် COVID-19 ကူးစက်ခံရသူ မြင့်တက်လာခဲ့သည်။ လက်ရှိအချိန်အထိ အာဖရိကတိုက်တွင် COVID-19 ကူးစက်ခံရသူ ၁၉၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၀၀၀ နီးပါးရှိသည်။ သို့သော် အဆိုပါပမာဏမှာ ဥရောပတိုက်၊ အမေရိကန်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည်။ COVID-19 ဗိုင်းရပ်စ်မှာ အာဖရိကနိုင်ငံများ၏ မြို့တာ်ပြင်ပများတွင် ကူးစက်ပျံ့နှံ့နေဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောသည်။ အာဖရိကတိုက်တွင် COVID-19 ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လုံလောက်သည့် အသက်ရှူစက်မရှိကြောင်း WHO က ထောက်ပြထားသည်။ လူဦးရေ ၁.၃ ဘီလျံရှိသည့် အာဖရိကတိုက်တွင် COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ကြုံတွေ့သည့်ဒေသမှာ မြောက်အာဖရိကဖြစ်သည်။ အယ်လ်ဂျီးရီးယား၊ အီဂျစ်နှင့် မော်ရိုကိုနိုင်ငံများတွင် COVID-19 ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိပြီး အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အယ်လ်ဂျီးရီးယားနိုင်ငံမှ ဖြစ်ပြီး လူ ၃၄၈ ဦး သေဆုံးခဲ့သည်။ အာဖရိကတိုက်၏ လူဦးရေအများဆုံးဖြစ်ပြီး လူသန်း ၂၀၀ နီးပါး နေထိုင်သည့် နိုင်ဂျီးရီးယားနိုင်ငံတွင် ကူးစက်ခံရသူ ၄၄၂ ဦးရှိပြီး လူ ၁၃ ဦး သေဆုံးခဲ့သည်။ တောင်အာဖရိကနိုင်ငံတွင် ကူးစက်ခံရသူ ၂၀၀၀ ကျော်ရှိပြီး လူ ၄၈ ဦး သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ