နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့်ဘက်စုံသားဖွားဒီပလိုမာ နှစ် နှစ်သင်တန်းများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ပို့ချပေးသွားမည်

 ရန်ကုန်   ဩဂုတ်    ၁၂


 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြု နှင့်သားဖွားသင်တန်းကျောင်းများတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ သုံးဘာသာရမှတ် ပေါင်းကိုမူတည်၍ ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းတက်ရောက် စဉ် ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ငွေကျပ် သုံးသောင်းတိတိချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်ပြီးဆုံးအောင်မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်ကမ်းချက်များကို ဖောက် ဖျက်လျှင်ဖြစ်စေ၊ သူနာပြုသားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက်ငွေကျပ်ရှစ်သိန်တိတိ၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ်သုံးသိန်းတိတိပြန်လည်ပေးလျော်ရမည်ဖြစ်သည်။

အဆိုပါ သင်တန်းများသို့ ၂၀၂ဝပြည့်နှစ်မတိုင်မီတက္ကသိုလ်ဝင်တန်းအောင်မြင်သူများသာ လျှောက်ထား နိုင်မည်ဖြစ်ပြီး ၂၀၂ဝ ပြည့်နှစ်၊ မတ်လတွင် ဖြေဆိုအောင်မြင်သူများလျှောက်ထား၍မရဟု ပြောသည်။ သင်တန်း တက်ရောက်ရန်လျှောက်လွှာများကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနများတွင် ရယူကာလိုအပ်သော စာရွက်စာတမ်းများနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည် ရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ဝင်ခွင့်လျှောက်လွှာများကို ၂၀၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၂၈ ရက်နောက်ဆုံးထားလျှောက်ထားကြရမည်ဖြစ်သည်။ သင်တန်းတက်ခွင့်ရသူများ၏ အမည်စာရင်းများကို ၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်) တွင် ထုတ်ပြန်ပေးမည်ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ရန်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါကသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် နေပြည်တော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ (သူနာပြုဌာန) ဖုန်း-၀၆၇-၄၁၁၁၄၉၊နှင့်ဝ၆၇- ၄၁၁၁၄၉၊လိုင်းခွဲ- ၈၀၈၊ ၈၃ဝသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။                ကိုသာစစ်






အခြားဆက်စပ်သတင်းများ