နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များမှသည်

ရန်ကုန်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံရှိ ၅၅ သန်းခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးသူငယ် များ ဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ်များဖြစ်ပြီး   ၄၈ ဒသမ ၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ အနာဂတ်၏ သားကောင်းရတနာများသည် ယနေ့ ကလေးသူငယ်များသာဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာဉာဏ်ရည်တိုးမှသာ သားကောင်း ရတနာလေးများ အမှန်ဖြစ်လာမည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များအောင်မြင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျသည်။ မိခင်များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရည်အသွေးပြည့်ဝသော အစားအစာနှင့် အာဟာရ၊ ယင်းမဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ငန်းစဉ်များ၏ ဒီဇိုင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား သတင်းပေးနိုင်ရန် အရည်အသွေးပြည့်ဝသော စာရင်းအင်းအချက်အလက်များလိုအပ်သည်။ သို့ဖြစ်၍ ကလေးများ ပိန်လှီခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်မပြည့်ခြင်းနှင့်အတူ အာဟာရချို့တဲ့မှုမြင့်မားနေသည့် နေရာဒေသများ၏ သတင်းအချက်အလက်များကို သေးငယ်သောဧရိယာအဆင့်အထိ ရရှိရန်လည်းအရေးကြီး သည်။

သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတစ်ဝန်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ဩဂုတ်လ ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး၊ ဒုတိယပတ်တွင် ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်း ကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြုဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ