နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းချောင်းမှာ Positive တစ်ဦးထပ်မံတွေ့ရှိ

ရန်ကုန် ဧပြီ ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရသည်။ Case 92 မှာ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက် အမှတ်(၁၇)၊ ၅ လွှာ(ဝဲ)၊ သရက်တောလမ်းနေ အသက် (၂၄)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဒေါ်နှင့် အတူနေထိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့သူအမျိုးသားမှာ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသနေသူဖြစ်ပြီး ယင်းသည် ပန်းဘဲတန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် Case 79 အမျိုးသားနှင့် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။ ယခုအခါ သရက်တောလမ်းရှိ ယင်းနေအိမ်တစ်ဝိုက်တွင် ကန့်သတ်မှုများပြုလုပ်နေပြီဖြစ်သည်။ AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ