နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားလုပ်ငန်းများက ပြည်တွင်းဧည့်သည်များကိုသာ ဈေးကွက်တစ်ရပ်အဖြစ် ဦးတည်ဆွဲဆောင်လာ

ရန်ကုန်၊ ဩဂုတ် ၁၁


         ယခုအခါ COVID 19 ကပ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမရှိသလောက် ဖြစ်နေသော အခြေအနေမျိုးကြုံနေရချိန်တွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက ပြည်တွင်းမှခရီးသွား ဧည့်သည်များကိုသာ ဈေးကွက်တစ်ရပ်အဖြစ် ဦးတည်ဆွဲဆောင်လာကြကြောင်း အဆိုပါဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ဖွင့်တဲ့ဘုရားတွေရှိပေမယ့် အများစုကပြန်မဖွင့်သေးဘူးဆိုပေမယ့် သွားနေတဲ့သူတွေအများကြီးပဲ၊ အိမ်ထဲမှာ နေရတာ ကြာတော့ မွန်းကျပ်ကြလို့ထင်တယ်။ အသည်းအသန်ကို သွားနေကြတာ။ အခု သြဂုတ် လဆန်း လေးရက်ပိတ်တဲ့ကာလမှာဆိုရင် ခရီးသွားတဲ့သူတွေ တော်တော်လေးများခဲ့တယ်၊ ကိုယ်တွေ တောင် COVID ပြီးနေပြီလားလို့ အောက်မေ့ရတယ်။ အဲဒီလိုလည်ပတ်သွားလာသူများလာသလို ဝန်ဆောင်မှုပေးတဲ့ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေက များလာရတာတော့ မဆန်းပါဘူး၊ လက်ရှိအိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းမှာ ဆိုရင်တောင် Tourist က မလာတော့ Local Tour တွေကိုပဲ Package တွေရောင်းချတာနဲ့ ဘာနဲ့ လုပ်လာကြရတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ သူများနိုင်ငံတွေလုပ်သလို Local ကိုပဲ အားထားရဦးမှာပဲ၊ ဒါမှပဲ ခရီးသွားလုပ်ငန်းတွေအနေနဲ့ လည်ပတ်လို့ရမယ်လေ။ ကမ္ဘာလှည့်ဧည့်သည်က ဘယ်ဆီနေမှန်းမသိဘူး။ လေကြောင်းလိုင်းတွေ အကုန်ပြန်ဖွင့်ရင်တောင်မှ အရင်လိုလာရဲကြဦးမှာတော့ မဟုတ်ဘူးလေ”ဟု                     ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးထွန်းလင်းအောင်က ရှင်းပြသည်။

ထိုကဲ့သို့ သွားလာလည်ပတ်မှုများလာခြင်းကြောင့် အချို့သောကမ်းခြေများတွင် ဒေသဆိုင်ရာ အာဏာပိုင် များက ကူးစက် ဥပဒေများဖြင့် အရေးယူမည်ဟု ကြေညာမှုများလည်း လုပ်ဆောင်ခဲ့ကြရကြောင်း သိရသည်။ “ပိတ်ရက်လေးရက်မှာ ခရီးသွားတဲ့သူတွေအရမ်းများတော့ အမြန်လမ်းမှာတောင် ရန်ကုန်ပြန်ဝင်မယ့်ကားတွေ နဲ့ ရန်ကုန်အဝင်မှာ ယာဉ်ကြောပိတ်ဆို့တာတွေ ကြုံခဲ့ရသေးတယ်၊ ကျွန်တော်တို့ ကုမ္ပဏီကလည်း Package တွေ ရောင်းပြီး Local Tour တွေကို Service ပေးနေတယ်၊ ကျွန်တော်တို့ဆီကဆိုရင် ပုဂံသွားတဲ့သူ ပိုများတယ်။ နာမည်ကြီးဘုရားတွေမှာက အကန့်အသတ်တွေ၊ တားဆီးပိတ်ပင်မှုတွေ၊ ကျန်းမာရေး ထောက်ခံချက်တွေ လိုအပ်တယ်ဆိုပေမယ့် သွားရောက်လည်ပတ်တဲ့ Local Tour တွေက ဘုရားတွေကို အပြင်ကပဲ လှည့်ပတ် ကြည့်ရှုရင်း အလှဓာတ်ပုံရိုက်တာတွေ ဘာတွေနဲ့ လည်ပတ်ခဲ့တာတွေများတယ်။ တချို့ဆိုရင် ချောင်ကျတဲ့ ဘုရားတွေအထိ E-Bike လေးတွေနဲ့ သွားပြီး ဓာတ်ပုံရိုက်တာတွေ၊ လေ့လာ လည်ပတ် ကြည့်ရှုတာတွေရှိတယ်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းတွေမှာ Local Tour တွေကို အားထားရဦးမယ်လို့ ယူဆရပါတယ်”ဟု ပြည်တွင်းခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတစ်ခု၏ မန်နေဂျာအဖြစ် တာဝန်ယူထားသူ ကိုနိုင်လင်းဦးက ရှင်းပြသည်။

Local Tour များအတွက် ဝန်ဆောင်ကာ ရောင်းချသော Package များတွင် သွားလာလည်ပတ်ရင်း စားသောက်နားနေရန်အတွက် ယခင်လို ဆိုင်များအများအပြားဖွင့်လှစ်ခြင်း မရှိသေးသည့်အတွက် ကြောင့်လည်း လည်ပတ်သည့်နေရာအနီးမှ ကျေးရွာများတွင် ဒေသထွက်အစားအစာများဖြင့် စားသောက်နိုင် ရန် ကြိုတင်စီစဉ်ကာ ဝန်ဆောင်မှုများပေးခဲ့ကြကြောင်း သိရသည်။ ယခုအခါ မိုးတွင်းကာလလည်းဖြစ်သည့် အတွက် Local Tour များမှာ ပုဂံအပါအဝင် မိုးနည်းပါးသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်း သွားရောက်လေ့ရှိသလို ခရီးစဉ်လမ်းကြောင်းအသစ်များကိုလည်း စိတ်ဝင်တစားသွားရောက် လည်ပတ်လေ့ ရှိကြကြောင်း သိရသည်။                                                                                                           

     

(HK)






အခြားဆက်စပ်သတင်းများ