နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇူလိုင်လတွင် မြန်မာ့ထုတ်လုပ်မှု( Purchassing Managers Index-PMI) အညွှန်းကိန်း ပြန်လည်မြင့်တက်လာ

ရန်ကုန်    ဩဂုတ်  ၁၁


ဇူလိုင်လတွင် မြန်မာ့ထုတ်လုပ်မှု( Purchasing Managers Index-PMI) အညွှန်းကိန်းပြန်လည်မြင့်တက် လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းများအရသိရသည်။ ကမ္ဘာ့စီးပွားရေး အခြေအနေများကို အချိန်နှင့်တစ်ပြေးညီတိကျစွာသိရှိနိုင်ရန်အတွက် HIS Markit က နိုင်ငံတကာစီးပွားရေး လုပ်ငန်းများအား စစ်တမ်းကောက်ယူကာ နိုင်ငံတကာစီးပွားရေးအညွှန်းကိန်း(Purchasing Managers Index(PMI)ကို လစဉ်ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိသည်။ 

အဆိုပါဆောင်ရွက်ပေးနေမှုများအရ HISMarkit သည် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများမှ  ထုတ်လုပ်သူ(၄၀၀)၏ ဝယ်ယူရေးမန်နေဂျာများထံသို့ လိုအပ်သည့်မေးခွန်းလွှာများပေးပို့ခဲ့သည်။ မေးခွန်းလွှာ များအတွက်ဖြေကြားချက်များကိုအခြေခံ၍ မြန်မာနိုင်ငံ၏မြန်မာ့ထုတ်လုပ်မှု( Purchasing Managers Index-PMI) အညွှန်းကိန်း တွက်ချက်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာနိုင်ငံတကာစီးပွားရေး PMI အညွှန်းကိန်းများကို သုညနှင့်၁၀၀အကြားသတ်မှတ်ကာ ယေဘုယျအားဖြင့် PMIအညွှန်းကိန်း(၅၀)အထက်တွင်ရှိနေသောနိုင်ငံသည် စီးပွားရေးတိုးတက်မှုရှိသည်ကိုဖော်ပြပြီး PMI အညွှန်းကိန်း(၅၀)အောက်ဖြစ်လျှင် ကျဆင်းနေကြောင်း ဖော်ပြသည်။ 

အဆိုပါ HIS Markit ၏PMI စစ်တမ်းအရ မြန်မာထုတ်လုပ်ရေးကဏ္ဍရှိ လုပ်ငန်းအခြေအနေများမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင်တိုးတက်ခဲ့သည်ဟု ဆိုသည်။ မြန်မာထုတ်လုပ်မှု PMI အညွှန့်ကိန်းသည် ဇွန်လ၌(၄၈ဒသမ ၇)နေရှိခဲ့ရာမှ ဇူလိုင်လတွင် (၅၁ဒသမ ၇)သို့ မြင့်တက်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်း(၃ဒသမသုည)မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ PMI အညွှန်းကိန်းမြင့်တက်လာခဲ့ခြင်း မှာ မြန်မာနိုင်ငံ၏ထုတ်လုပ်မှုလုပ်ငန်းများအနေနှင့် အော်ဒါအသစ်များလက်ခံရရှိမှု၊ ထုတ်လုပ်မှုအားကောင်းစွာ တိုးတက်လာမှုနှင့် အလုပ်အကိုင်ကျဆင်းမှုနှေးလာမှုများကြောင့်ဖြစ်သည်ဟုဆိုသည်။ အဆိုပါ PMI New Orders (၃၀)ရာခိုင်နှုန်း၊ Output(၂၅)ရာခိုင်နှုန်း၊ Employment(၂၀)ရာခိုင်နှုန်း၊ Suppliers Delivery Time (၁၅)ရာခိုင်နှုန်း၊ Stocks of Purchases(၁၀)ရာခိုင်နှုန်းစသည့် အညွှန်းကိန်းငါးခုတို့ကိုအသုံးပြု၍ weighted averageအဖြစ်တွက်ချက်ထားဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ