နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၃၆ ဒသမ ၀၅ ရာခိုင်နှုန်းရှိ

ရန်ကုန်    ဩဂုတ်  ၁၁


၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်များမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ တိုက်ကြီးမြို့နယ်တွင် ယမန်နှစ်ကထက်အောင်ချက်ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တိုက်ကြီးမြို့နယ်တွင် အ.ထ.ကကျောင်း(၉)ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း (၁၀) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၈)ကျောင်းတို့မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၆၈၅)ဦးတွင် အောင်မြင်သူပေါင်း (၁၆၈၉)ဦးနှင့် ၅ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦး၊၂ဘာသာဂုဏ်ထူးရှင် ၈၇ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်၂၄၉ဦးတို့ရှိကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်မတ်လတွင် ကျင်းပခဲ့သည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူကျောင်းသား၊  ကျောင်းသူ (၃၀၂၂)ဦးတွင် အောင်မြင်သူ(၉၀၈)ဦးရှိပြီး ပြင်ပဖြေဆိုသူ (၁၆၆၃)ဦးတွင်အောင်မြင်သူ (၇၈၁)ဦးရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၀၅ ဖြစ်ကာ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၂၉ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇွဲကို






အခြားဆက်စပ်သတင်းများ