နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာသင်္ကြန်ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမရှိပဲ မိမိတာဝန်ကျရာနေရပ်မှ မိသားစုဝင်များထံသွား‌ေရာက်ခဲ့သည့် ဝန်ထမ်းများအား အမှန်တိုင်း ဝန်ခံခြင်းမရှိပါက နိုင်ငံဝန်ထမ်း ဥပဒေအရအရေးယူမည်

ရန်ကုန် ဧပြီ ၁၈ မဟာသင်္ကြန်ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမရှိပဲ မိမိတာဝန်ကျရာနေရပ်မှ မိသားစုဝင်များထံသွားရောက်ခဲ့သည့် ဝန်ထမ်းများအား အမှန်တိုင်း ဝန်ခံခြင်း မရှိပဲ ငြင်းဆိုပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရအရေးယူမည် ဟု Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ် ၊ကုသရေးဗဟိုကော်မတီ မှ ဧပြီလ ၁၆ ရက်နေ့ ရက်စွဲဖြင့်တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မဟာသင်္ကြန် ပိတ်ရက်အတွင်း ဌာနဆိုင်ရာမှ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာအရပ်မှ မိသားစု ရှိရာနေရပ်အသီးသီးသို့ ပြန်ကြရာတွင် လမ်းခရီး၌သော်လည်းကောင်း၊ နေရပ်အသီးသီးတွင်သော်လည်းကောင်း၊ နေရပ်သို့ရောက်ရှိစဥ် တွင်လည်းကောင်း၊COVID-19 ရောဂါကူးစက်ခံထားရသည့် ပြည်သူများ ၊မိသားစုဝင်များဆွေမျိုးမိတ်ဆွေများ နှင့် ထိတွေ့ကိုင်တွယ် မိ၍ ရောဂါပိုး ကူးစက်နိုင်သည့်အတွက် သင်္ကြန် ရုံးပိတ်ရက်အတွင်း ဝန်ထမ်းများ အားလုံးကိုအရေးကြီးကိစ္စရပ်များ(နာရေး) မှအပ ခရီးသွားလာခြင်းများ ခွင့်မပြုရန် လမ်းညွှန်ခဲ့ပြီးဖြစ်ကြောင််းသိရသည်။ ထို့ကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အတွင်းဝန်ထမ်းများအနေဖြင့်မဟာသင်္ကြန် ပိတ်ရက်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာအရပ်မှ မိသားစု ရှိရာနေရပ်အသီးသီးသို့ သွားရောက်ခဲ့ခြင်းရှိ /မရှိအား သက်ဆိုင်ရာ ဌာနအကြီးအကဲထံ အမှန်တိုင်း သတင်း ပေးပို့တင်ပြစေရေးအထူးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက အဆိုပါဝန်ထမ်းများအား Community Based Facility Quarantine ထားရှိရန် လိုအပ်ကြောင်းသိရသည်။ ထို့အပြင် Community Based Facility Quarantine မှ အရေးယူဆောင်ရွက်သွားရန်နင့် အခြားသူ တစ်ဦးဦးမှ သတင်းပို့၍ စီစစ်ချိန်၌ သိရလျှင်သော်လည်းကောင်း၊ မှန်ကန်စွာသတင်းပေးပို့တင်ပြခြင်းမရှိ၍ သံသယ လူနာအဖြစ်စုံစမ်းသိရှိရသည့်အချိန်တွင် သော်လည်းကောင်း၊ Community Based Facility Quarantine နေထိုင်ရန် ငြင်းဆိုခြင်းပြုလျှင်သော်လည်ကောင်း နိုင်ငံဝန်ထမ်းဥပဒေ၊နိုင်ငံဝန်ထမ်းနည်းဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ