နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ တညင်းသီးအထွက်နည်းပြီး ဈေးပိုမိုရရှိ

မိုင်းယောင်း    ဩဂုတ်   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းမှ ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် တညင်းသီးများသည် ယခုနှစ်တွင်အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက်ဈေးပိုမိုရရှိကြောင်း သိရသည်။

“ကျွန်မတို့မြို့မှာတော့ တညင်းသီးကို အတို့အမြုပ်အဖြစ် အစိမ်းစားတယ်။ အချို့က ဟင်းချက်စရာ အဖြစ်လည်းစားကြတယ်။ အရင်နှစ်က တညင်းသီးဖြိုင်ဖြိုင်ထွက်တော့ တစ်ပြည်ကို ကျပ် ၂၇၀၀ မှ ၃၀၀၀ ကျပ် ရောင်းရတယ်။ ယခုနှစ်ကတော့ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချရပါတယ်။ တစ်နေ့ကိုတော့ လေးပြည်လောက်တော့ အနည်းဆုံးရောင်းရပါတယ်”ဟု တညင်းသီးရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနှစ်မှာတော့ မိုင်းယောင်းမှာ တညင်းသီးအထွက်နည်းတဲ့နှစ်လေ၊ ဒါပေမဲ့ ကျွန်တော်တို့ခြံကတော့ ခါတိုင်းနှစ်တွေထက်ပိုထွက်တယ်လေ၊ သီးနှံပျက်စီးမှုလည်းနည်းပါတယ်။ ဒီဈေးနှုန်းအတိုင်းဆိုရင်တော့ ဒီနှစ်အဆင်ပြေနိုင်ပါတယ်”ဟု တညင်းသီးစိုက်ပိုင်ရှင်တစ်ဦးက ပြောသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ