နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးမျက်နှာမြို့နယ် မီးသတ်တပ်ဖွဲ့မှ ငဝန်မြစ်အတွင်း ရေကင်းလှည့်လည်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

လေးမျက်နှာ     ဩဂုတ်     ၁၁


  ယခုရက်ပိုင်းအတွင်းငဝန်မြစ်ရေစိုးရိမ်ရေမှတ်အထက်မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လူနေအိမ်များသို့ ရေဝင်ရောက်မှုများရှိနေသည့်အတွက် ကူညီမှုများ လုပ်ဆောင်နိုင်ရန်နှင့်မြစ်ရေကြီးမှု၊ မြေပြိုမှု၊ လေဘေးစသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြစ်ကမ်းနားရှိ မြစ်ရေဝင်ရောက်နေသော ကျေးရွာများနှင့်ကမ်းပြိုဘေးဒဏ်ခံနေရသော ကျေးရွာများသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့်  ရေကင်းလှည့်လည်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဩဂုတ် ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲနောင်ဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များက ငဝန် မြစ်ကမ်းတစ်လျှောက် Speed Boat ယာဉ်ဖြင့် ရေကင်းလှည့်လည်စောင့်ကြည့်စစ်ဆေးခြင်း၊ မြစ်ရေ ဝင်ရောက်နေသောကျေးရွာများ၊ ကမ်းပြိုဘေးဒဏ်ခံနေရသောကျေးရွာများရှိ ပြည်သူများအား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်၊ ပြင်ဆင်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြား ခြင်း၊ မြစ်ကမ်းနားတွင်နေထိုင်သည့်အန္တရာယ်ရှိသော လူနေအိမ်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြ ရန်နှင့် မြစ်ရေကြီးမှုအခြေအနေကို ပြည်သူများအမြန်သိရှိနိုင်ရန် ရေပြင်ကယ်ဆယ်ရေးအဖွဲ့များအား ရေကင်းများချထားပေးလျက်ရှိပြီး ရေကင်းအဖွဲ့များက မြစ်ရေတက်မှု၊ တာတမံများကြံ့ခိုင်မှု၊ စိုးရိမ်ရေမှတ် ရောက်ရှိမှုအခြေအနေများကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြေပြိုဘေး၊ ရေဘေး၊ လေဘေးစသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား အဆိုပါ ကျေးရွာများရှိပြည်သူများထံသို့ သွားရောက်ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေမြင့်တက်လာတာဖြစ်တဲ့အတွက် မြစ်ရေဝင်ရောက်နေတဲ့ ကျေးရွာများ၊ မြစ်ကမ်းအနီးအနားတွင်နေထိုင်သူများ၊ သဘာဝဘေးအန္တရာယ်ထိခိုက်နိုင်ခြေရှိတဲ့နေရာတွေကို ရေဘေး၊ လေဘေး၊ မြေပြိုဘေး၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရေယာဉ်ကင်းများ                  လှည့်လည်စောင့်ကြည့်ခြင်းနဲ့သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်တဲ့ ရေဘေး၊ လေဘေး၊ မုန်တိုင်းသတိပေး သတင်းထုတ်ပြန်ချက်များကိုစောင့်ကြည့်နားထောင်ကြရန်နဲ့အရေးပေါ်ဖြစ်ပွားလာပါက လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြရန်နှင့် ကျွန်တော်တို့မြို့နယ်မီးသတ်တပ်ဖွဲ့အနေနှင့် လည်း အရေးပေါ်ဖြစ်ပွားလာပါက အမြန်ဆုံးထွက်ခွာနိုင်ရန်အတွက် အသက်ကယ်ရေယာဉ်တစ်စီးကို ငဝန်မြစ် ဆိပ်မှာ အသင့်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ကယ်ဆယ်ရေးသုံးပစ္စည်းများကို အသင့်စုစည်း ထားရှိပြီးရေယာဉ်ကင်းများကိုလည်း ဆက်လက်စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပါတယ်"ဟု မြို့နယ်မီးသတ် ဦးစီးမှူးဦးရဲနောင်ဝင်းက ပြောသည်။                                                   


 ရွှေမိုး-ကျော်ဟိန်း(လေးမျက်နှာ)






အခြားဆက်စပ်သတင်းများ