နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတဂူဆရာတော်ကြီးက ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် ဆန်၊ ဆီ၊ ဆား လှူဒါန်းခဲ့

မန္တလေး၊ ဧပြီ ၁၇ ကျေးဇူးတော်ရှင်သီတဂူဆရာတော်ကြီးသည် ဧပြီ ၁၆ ရက်၊ ညနေခင်း ၅ နာရီတွင် မန္တလေးမြို့၊ ၈၂လမ်း ၂၅ x ၂၆ ကြား၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော်ကြီး မာ့ခ်တင်ဝင်း၏ ရွှေနှလုံးတော် ကက်သလစ်ဘုရားရှိခိုးကျောင်းသို့ကြွရောက်ခဲ့ပြီး COVId-19 Stay Home ကာလအတွက် ဆန် တင်း ၁၀၀ ၊ ဆီ ၁၀၀ ပိဿာ ၊ ပဲ ၅ အိတ်၊ ကြက်သွန်နီ ၂ အိတ်၊ ပြုတ်စားပဲ တစ်အိတ်၊ ဆား ၅၀ ပိဿာတို့ကို ကရုဏာအထောက် အပံ့အဖြစ်လှူဒါန်းခဲ့သည်။ သီတဂူဆရာတော်နှင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး မာ့ခ်တင်ဝင်းတို့သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကာလတွင် ဗုဒ္ဓဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်တို့ ကရုဏာပလက်ဖောင်း ပေါ်တွင် အတူတကွတွဲလျှောက်ခဲ့ကြသည့် မိတ်ဆွေကောင်းများဖြစ်ခဲ့ကြသည်။ ဗာတီကန်မှပေးသော အကူ အညီများသည်လည်း ဧရာဝတီတိုင်းဒေသကြီးကို ပြန်လည်တည့်မတ်ပေးခဲ့ကြသည့် ဒေါက်တိုင်ကောင်းများ ဖြစ်ခဲ့သည်။ ယခုအခါတွင် ကျရောက်နေသော COVID-19 ကူးစက်ကပ်ရောဂါကြီးကြောင့် ဒုက္ခအဖုံဖုံ ရင်ဆိုင်နေကြရ သည့် နိုင်ငံများထဲမှ အီတလီနိုင်ငံသည် လက်ရှိအခြေအနေအရ အဆိုးဝါးဆုံးအခြေအနေဖြစ်နေသည်ကို အများကသိရှိနေကြပြီဖြစ်သည်။ သီတဂူဆရာတော်နှင့် ဆရာတော်မာ့ခ်တင်ဝင်းတို့ ရင်းနှီးချစ်ကြည်စွာပြောဆိုကြပြီးသည့်နောက် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တည်ထောင်မတည်ခဲ့သော COVID-19 ရန်ပုံငွေသို့ ကရုဏာအလှူအဖြစ် ဒေါ်လာ 10,000$ ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော်ကြီး မာ့ခ်တင်ဝင်းမှတဆင့် လှူဒါန်းခဲ့သည်။ သီတဂူဆရာတော်ကြီးက လှူဒါန်းမှုအစုစုတို့အတွက် မိန့်ကြားရာတွင် ကရုဏာတရားသည် လူမျိုးဘာသာမရွေး လက်ကိုင်ထားရမည့် ဘုံလမ်းကြောင်းဖြစ်ကြောင်း၊ မနောကံကရုဏာ၊ ဝစီကံ ကရုဏာတွင်ရပ်တန့်မနေဘဲ ကာယကံမြောက်ကရုဏာဖြစ်စေရန် လှူဒါန်းကူညီရပါမည့်အကြောင်း၊ ယခုလို ဘုံရန်သူဖြစ်သည့် COVID-19 ကပ်ရောဂါဘေးကို တွန်းလှန်ကြရမည့်အခြေအနေတွင် ဘာသာတရားများ မခွဲခြားဘဲ အတူတကွ ကရုဏာရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။ မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော်ကြီး မာ့ခ်တင်ဝင်းကလည်း ယခုကဲ့သို့ ဆရာတော် ကြီးကိုယ်တိုင်ကြွရောက်လှူဒါန်းမှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်း၊ သီတဂူဆရာတော်၏ ကရုဏာ အလှူတော်ကို ဧပြီ ၁၆ ရက် ညပိုင်းမှာပင် ဗာတီကန်သို့ သတင်းပို့မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ဆက်ကပ်ခဲ့သည်။ (WP)






အခြားဆက်စပ်သတင်းများ