နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂရိနိုင်ငံတွင် ရေကြီးရေလျှံ၍ အနည်းဆုံး လူငါးဦး သေဆုံး

အေသင်၊ ဩဂုတ် ၁၀


ဂရိနိုင်ငံ အီဗီယာကျွန်းတွင် မိုးသက်မုန်တိုင်းများ ကျရောက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့သည်။ သေဆုံးသူငါးဦးတွင် ရှစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၈၀ ဝန်းကျင်ရှိသူနှစ်ဦး ပါဝင်သည်ဟု အရာရှိများက ပြောသည်။ ကယ်ဆယ်ရေး သမားများက ပိုလီတီကာရွာရှိ နေအိမ်များအတွင်း ယင်းတို့၏ ရုပ်အလောင်းများ တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် ခွဲခြားဖော်ပြနိုင်ခြင်းမရှိသူ ၂ ဦး၏ ရုပ်အလောင်းများကိုလည်း ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည်။

 

ပျောက်ဆုံးနေသူနှစ်ဦးအတွက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်။ ရေကြီးရေလျှံမှု ကြောင့် အီဗီယာကျွန်းတွင် လမ်းပိတ်ဆို့မှုများ၊ နေအိမ်ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။  တိုက်ခန်းမြေညီထပ် ကို ရေဖုံးလွှမ်းခဲ့ပြီးနောက် ရှစ်လသားကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ပြီး မိဘများမှာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိကြောင်း အရာရှိများက ပြောသည်။ 


ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာမှ လူဒါဇင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ပိတ်မိနေသူများကို ဘေးကင်းရာသို့ ခေါ်ဆောင်နိုင်ရန်အတွက် ကယ်ဆယ်ရေးသမားများက ဘူဒိုဇာများဖြင့် ချီမရွှေ့ပြောင်းမှုများ လုပ်ခဲ့ရသည်။ အီဗီယာကျွန်းရှိ မြစ်နှစ်စင်း မြစ်ကမ်းပါး ကျိုးပေါက်ခဲ့ခြင်းကြောင့် လမ်းများပေါ်တွင် ရွှံ့နွံများ ဖုံးလွှမ်းခဲ့သည်။                                                                                                                               

KNT






အခြားဆက်စပ်သတင်းများ