ရန်ကုန် ဧပြီ ၁၇ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသော ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အဆင်ပြေစေရန် နိုင်ငံတော်မှ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ဧပြီ ၁၆ ရက်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ အမှန်တကယ်ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၁၅၀ဝ စုအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာပါဝင်သော အခြေခံစားသောက်ကုန်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရစဉ်။ နေထက်အောင်