နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောလိဝုဒ်စတား ကီနူးရိဗ်စ်ပါဝင်သည့် John Wick 5 ရိုက်ကူးမည်

ရန်ကုန် ဩဂုတ် ၉


ပရိသတ်နှစ်ခြိုက်အားပေးခဲ့သည့် ဟောလိဝုဒ်စတား မင်းသားကြီး ကီနူးရိဗ်စ်ခေါင်းဆောင်ပါဝင်သည့် John Wick ရုပ်ရှင်စီးရီးစ်များ၏ နောက်ဆက်တွဲ ၅ ကားမြောက်ရုပ်ရှင်ကို ထပ်မံရိုက်ကူးသွားမည်ဖြစ်ကြောင်း ကို  Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကြေညာလိုက်သည်။ ထိုကားကို ရုံမတင်ရသေးသည့် John Wick 4 နှင့် Back to Back အနေဖြင့် ရိုက်ကူးသွားရန် ဇာတ်ညွှန်းပိုင်းများကို ပြင်ဆင်နေကြောင်း Lionsgate ၏ အမှုဆောင်အရာရှိ John Feltheimer က ပြောထားသည်။

Action Thriller အမျိုးအစား ရုပ်ရှင်ကားများဖြစ်သည့် John Wick ရုပ်ရှင်ကားများကို ၂၀၁၄ ခုနှစ်တွင် ပထမဆုံး ထွက်ရှိခဲ့သည့် John Wick ဖြင့်စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် John Wick: Chapter 2 ၊ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် John Wick: Chapter 3 – Parabellum ရုပ်ရှင်ကားများကို ရုံတင်ပြသခဲ့ပြီးဖြစ်ရာ နောက်ဆုံး ရုံတင်ပြသခဲ့သည့် John Wick: Chapter 3 – Parabellum ဇာတ်ကားထဲတွင် ကီနူးရိဗ်စ်နှင့်အတူ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား၊ မင်းသမီး များဖြစ်ကြသည့် Halle Berry၊ Laurence Fishburne၊ Mark Dacascos၊ Asia Kate Dillon နဲ့ Lance Reddick တို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြသည်။

အဆိုပါရုပ်ရှင်ကားသည်လည်း ပရိသတ်များ အားပေးကြည့်ရှုခဲ့ကြပြီး Box Office စံချိန်တင် ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့သည်။  လက်ရှိအချိန်ထိ John Wick ရုပ်ရှင်ကား ၃ ကားလုံး၏ ကုန်ကျစရိတ်ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၁၁၅ သန်းနှင့် ၁၄၅ သန်းကြား ကုန်ကျခဲ့ပြီး ရုံတင်ဝင်ငွေသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ ၅၈၇ သန်းကျော် ရရှိထားခဲ့သည်။ John Wick: Chapter 4 ကို လာမည့် ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း John Wick 5 ကိုလည်း ရိုက်ကူးရန် ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

(WP)






အခြားဆက်စပ်သတင်းများ