နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဆိပ်တွင် ပျက်ကျခဲ့သည့် အိန္ဒိယခရီးသည်တင်လေယာဉ်၏ black box များ ရှာဖွေတွေ့ရှိ

ဩဂုတ် ၉၊ နယူးဒေလီ


အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကီရာလာပြည်နယ်၊ လေဆိပ်တွင် ပျက်ကျခဲ့သည့် အိန္ဒိယခရီးသည်တင် လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်စက်( black boxes) များကို စုံစမ်းစစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။ ဒူဘိုင်းမြို့မှ အိန္ဒိယနိုင်ငံသို့ ပျံသန်းလာသည့် Air India Express လေကြောင်းလိုင်း၏ လေယာဉ်မှာ ပြီးခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ်အချိန်က ရာသီဥတုဆိုးရွားနေစဉ် ကိုဇီကိုဒီလေဆိပ်သို့ ဆင်းသက်ခဲ့ရာ ပြေးလမ်းချော်ပြီး နှစ်ပိုင်းပြတ်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် လေယာဉ်မှူးအနေဖြင့် ပြေးလမ်းကို ကောင်းစွာမမြင်ခဲ့ရဘဲ လေယာဉ်ပြေးလမ်းနှင့် မီတာ ၁၀၀၀ အကွာတွင် ဆင်းသက်မိခဲ့ရာ ပြေးလမ်းချော်ပြီး မြောင်းထဲကျခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒူဘိုင်းမြို့တွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သွားရောက်ကူညီလှုပ်ရှားခဲ့သူများအနေဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမည်ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး လူ ၁၅၀ နီးပါးကို ဆေးရုံတင်ပို့ခဲ့ရသည်။ ယင်းဖြစ်ရပ်မှာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ အဆိုးရွားဆုံး ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်သည်။ ပျံသန်းမှုမှတ်တမ်းတင်စက်နှင့် လေယာဉ်စက်ခန်းအတွင်းမှ အသံမှတ်တမ်းတင်စက်မှာ လေယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းအကြောင်းရင်း ကို စုံစမ်းစစ်ဆေးရန် အဓိကကျသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ