နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါက်ကွဲမှုကြောင့် အုတ်ခဲပုံဘဝရောက်ခဲ့သည့် ဘေရွတ်မြို့ကို အထောက်အပံ့ပေးအပ်နိုင်ရန် နိုင်ငံတကာခေါင်းဆောင်များ ဆွေးနွေး

ဩဂုတ် ၉၊ ဘေရွတ်


ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့ခြင်းကြောင့် အုတ်ခဲပုံဘဝရောက်ခဲ့သည့် ဘေရွတ်မြို့အတွက် အထောက်အပံ့ ပေးအပ်နိုင်ရန် နိုင်ငံတကာခေါင်းဆောင်များက သြဂုတ်လ ၉ ရက်တွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂနှင့် ပြင်သစ်နိုင်ငံက ဦးဆောင်ကျင်းပသည့် အွန်လိုင်းညီလာခံကို သြဂုတ်လ ၉ ရက် လက်ဘနွန်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီအချိန်၌ စတင်ကျင်းပခဲ့သည်။ အမိုးနီးယန်းနိုက်ထရိတ် တန်ချိန် ၂၀၀၀ ကျော် သိုလှောင်ထားသည့် ဂိုဒေါင်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရှိသည်ဟု အရာရှိများက ခန့်မှန်းထားသည်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅၈ ယောက် သေဆုံးခဲ့ပြီး လူ ၅၀၀၀ ကျော် ဒဏ်ရာရခဲ့ကာ လူ ၃၀၀၀၀၀ နီးပါး အိမ်ခြေရာမဲ့ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်စနေနေ့တွင် လူထောင်ပေါင်းများစွာက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး ဝန်ကြီးဌာနများအတွင်း ဝင်ရောက်သောင်းကျန်းခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့သည်။ အကျပ်အတည်းထဲမှ ရုန်းထွက်နိုင်ရန်အတွက် ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပနိုင်ရန် တောင်းဆိုသွားမည်ဟု လက်ဘနွန်ဝန်ကြီးချုပ် ဟက်ဆန်ဒီယက်က ရုပ်သံမှတစ်ဆင့် ပြောသည်။ အဆိုပါကိစ္စကို လာမည့်တနင်္လာနေ့တွင် လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်သည်။ လက်ဘနွန်နိုင်ငံမှာ ပေါက်ကွဲမှုမဖြစ်ပွားမီကတည်းက နက်နဲသည့် စီးပွားရေး အကျပ်အတည်း ကြုံတွေ့ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ရန် ရုန်းကန်ခဲ့ရသည်။ ဘဏ္ဍာရေးအခြေအနေနှင့် ငွေတန်ဖိုး ကျဆင်းမှုကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ