နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးငယ် ၃ ဦးအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့သည့် မီးလောင်ကျွမ်းမှုကို ချက်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

ဩဂုတ် ၉၊ ပရပ်


ကလေးငယ် သုံးဦးအပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့သည့် မီးလောင်ကျွမ်းမှုကို ချက်နိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ပြီးခဲ့သည့်စနေနေ့က ချက်နိုင်ငံ အရှေ့မြောက်ပိုင်း ဘိုဟူမင်မြို့ရှိ တိုက်တန်းလျားများ မီးလောင်ကျွမ်းမှုမှာ ချက်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုဟု သတ်မှတ်ထားသည်။ မီးထဲတွင် လူခြောက်ဦး သေဆုံးခဲ့ပြီး မီးဘေးမှ လွတ်မြောက်ရန် ၁၁ လွှာရှိ လသာဆောင်မှ ခုန်ချခဲ့သူငါးဦးလည်း သေဆုံးခဲ့သည်။ မီးသတ်သမားနှစ်ဦးနှင့် ရဲအရာရှိတစ်ဦးအပါအဝင် လူ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ ဘိုဟူမင်မြို့မှာ ချက်-ပိုလန်နယ်စပ်တွင် တည်ရှိပြီး ချက်နိုင်ငံမြို့တော် ပရက်မြို့၏ အရှေ့ဘက် မိုင် ၁၉၀ အကွာတွင် ရှိသည်။ 

အဆိုပါမီးလောင်ကျွမ်းမှုမှာ ရှို့မီးဖြစ်ဖွယ်ရှိသည်ဟု မိုရာဗီယာ-ဆီလာရှားဒေသ အုပ်ချုပ်ရေးမှူး အိုင်ဗိုဗွန်ဒရက်က ပြောသည်။ အဆိုပါအဆောက်အအုံကို မီးရှို့ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ တည်ငြိမ်စွာ ဝန်ခံခဲ့သည့် အမျိုးသားတစ်ယောက်ကို လက်ထိပ်ခတ်ပြီး အခင်းဖြစ်ပွားရာနေရာမှ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။  အဆိုပါပြောကြားချက်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော် လူတစ်ဦးကို ဖမ်းဆီးထားသည်ဟု အတည်ပြုသည်။  ဝမ်းနည်းစရာကောင်းသည့် အဆိုပါဖြစ်ရပ်မှာ အိမ်နီးချင်းများကြား ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ဂျန်ဟမ်မာဆက်က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ