နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာဒူရိုကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ဟုဆိုကာ အမေရိကန်စစ်သည်ဟောင်းနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

ဩဂုတ် ၉၊ ကရာကက်စ်


ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဗင်နီဇွဲလားတရားရုံးက အမေရိကန်စစ်သည်ဟောင်းနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့သည်။ လုခ်ဒင်မန်းနှင့် အိုင်ရန်ဘာရီတို့ နှစ်ဦးမှာ မကောင်းကြံစည်မှု၊ လက်နက်များ တရားမဝင်ခိုးသွင်းမှု၊ အကြမ်းဖက်များဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းတို့နှစ်ဦးမှာ ပြီးခဲ့သည့်မေလက ကိုလံဘီယာနိုင်ငံမှ ဗင်နီဇွဲလားနိုင်ငံသို့ ပင်လယ်ပြင်မှတစ်ဆင့် ကူးဖြတ်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူ ၁၃ ဦးတွင် ပါဝင်သူများဖြစ်သည်။ စီးနင်းတိုက်ခိုက်မှုလုပ်ရန် ကူညီပံ့ပိုးပေးနေသည်ဟု စွပ်စွဲခံထားရသူများကို အမှုစွဲဆိုမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့နေချုပ် ဝီလျံဆက်က ပြောသည်။ ဝီလျံဆက်က ယာဉ်များ၊ လက်နက်များ၊ သက်သေခံအထောက်အထားများ၏ ဓာတ်ပုံကို တွစ်တာပေါ်တွင် ဝေမျှခဲ့ပြီး အမေရိကန်ကြေးစားစစ်သည်များက ယင်းတို့တွင် အပြစ်ရှိသည်ဟု ဝန်ခံခဲ့ကြောင်း ပြောသည်။ အဆိုပါဖြစ်ရပ်နောက်ကွယ်တွင် ယင်းပါဝင်နေသည်ဆိုသော ဗင်နီဇွဲလားနိုင်ငံ၏ စွပ်စွဲချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့သည်။ 

အမေရိကန်နိုင်ငံမှာ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွေဒိုကို ထောက်ခံထားပြီး ယင်းကို သမ္မတအဖြစ် အသိအမှတ်ပြုထားသည်။ အသက် ၃၄ နှစ်ရှိသည့် လုခ်ဒင်မန်းနှင့် အသက် ၄၁ နှစ်ရှိသည့် အိုင်ရန်ဘာရီတို့မှာ အထူးတပ်ဖွဲ့ဝင် စစ်သည်ဟောင်းများ ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် ဗင်နီဇွဲလားရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် လုခ်ဒင်မန်းက သမ္မတမာဒူရိုကို သတ်ရန် သို့မဟုတ် ပြန်ပေးဆွဲပြီး အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်သွားရန် စီစဉ်သည့် ဂျီဒီယွန်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံကို ကျူးကျော်ပြီး သမ္မတမာဒူရိုကို ဖြုတ်ချရန်အတွက် Silvercorp အဖွဲ့နှင့် ဗင်နီဇွဲလားအတိုက်အခံနိုင်ငံရေးသမားများကြား အမေရိကန်ဒေါ်လာ ၂၁၃ သန်းတန် သဘောတူစာချုပ် ချုပ်ဆိုထားသည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ