နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာ၍ ပါရီမြို့တွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်ပြန်

ဩဂုတ် ၉၊ ပါရီ


ပြင်သစ်နိုင်ငံ ပါရီမြို့တစ်ဝိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ရာ လာမည့်တနင်္လာနေ့မှစတင်၍ ပါရီမြို့၏ လူစည်ကားသည့်နေရာများတွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်မှာ လူစည်ကားသည့်ဇုန်များတွင် သွားလာလှုပ်ရှားမည့် အသက် ၁၁ နှစ်အထက် အရွယ်ရှိသူအားလုံး အကျုံးဝင်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လအလယ်ပိုင်းကစတင်၍ ပါရီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုကျယ်ပြန့်လာခဲ့သည်။ ယခင်ကတည်းက အများပြည်သူဆိုင်ရာ အလုံပိတ်နေရာများတွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်စွမ်း အချိန်မရွေး ဆုံးရှုံးရနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ နိစ်၊ လိုင်လီ စသည့်မြို့များအပါအဝင် မြို့အများအပြားတွင် အဆောက်အအုံပြင်ပနေရာများ၌ နှာခေါင်းစည်းမဖြစ်မနေဝတ်ဆင်ရန် ကိုယ်ပိုင်အမိန့်များ ထုတ်ပြန် ထားသည်။ ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသော်လည်း ပါရီမြို့တော်တစ်ဝိုက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ပြီးခဲ့သည့်စနေနေ့ တွင် အာဏာပိုင်များက ပြောသည်။ ပါရီမြို့တွင် နေ့စဉ်နေ့တိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀ ရှိနေပြီး အထူးသဖြင့် အသက် ၂၀ မှ ၃၀ ကြားအရွယ်ရှိသူများဟု ဆိုသည်။ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃၅၀၀၀ ရှိပြီး လူ ၃၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ