ရန်ကုန် ဧပြီ ၁၇ ကမ္ဘာတစ်ဝန်းနှင့် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ကမ္ဘာသူ၊ ကမ္ဘာသား၊ နိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့ မိဘနဲ့ သားသမီး၊ ဆရာနှင့် တပည့်၊ လူကြီးနှင့် လူငယ်တို့သည် တစ်ဦးကို တစ်ဦး စောင့်ရှောက် လေးစားနိုင်ကြပါစေကုန်သတည်း။ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတို့သည်လည်း ရိုင်းပင်းချစ်ခင်နိုင်ကြပါစေကုန်သတည်း။ အိမ်အနီး အနားချင်းတို့သည်လည်း ရင်းနှီးယုံကြည်နိုင်ကြပါစေကုန်သတည်း။ သဘာဝမတူ အဖွဲ့ကွဲသူတို့သည်လည်း အမြင်ကျယ်၍ လက်တွဲနိုင်ကြပါစေကုန်သတည်း။ သက်ဆိုင်ရာ ဘာသာတရားအသီးသီးတို့၏ ကောင်းမြတ်သော အဆုံးအမ အရိပ်အာဝါသအောက်တွင် အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေကုန်သတည်း။ တစ်ဦးအပေါ် တစ်ဦး ကြည်နူးခင်မင်စွာ မေတ္တာပေး မေတ္တာရယူကြပြီး နားလည်မှုကြီးမားစွာဖြင့် အခက်အခဲများကို ကျော်လွှားနိုင်ကြပြီး ရည်မှန်းချက်ပန်းတိုင်ကို အတူလျှောက်လှမ်းနိုင်ကြပါစေ ကုန်သတည်း။ (မြို့တော်သတင်း)