နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OxygenOS 11 တွင် Always-on Display လုပ်ဆောင်ချက် OnePlus ထည့်သွင်းမည်

ရန်ကုန်   ဩဂုတ်  ၇


OnePlus ဖုန်းအသုံးပြုသူများ တောင်းဆိုမှုအများဆုံး Features များထဲက တစ်ခုဖြစ်သည့် Always-on Display (AOD) စနစ်သည် OxygenOS update တွင် ပါဝင်လာတော့မည်ဖြစ်သည်။ Always-on Display လုပ်ဆောင်ချက်သည် AMOLED Display သုံး စမတ်ဖုန်းများတွင်ပါသည့် feature များထဲက တစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် OnePlus 3 က စပြီး AMOLED display ဖြင့်ထွက်လာသော်လည်း AOD feature ကို အသုံးပြုလာခြင်းမရှိပေ။ AOD လုပ်ဆောင်ချက်သည် ဘက်ထရီပါဝါကို 350mAh မှ 500mAh အထိ အသုံးပြုနိုင်မည်ဟု ကုမ္ပဏီကပြောထားသည်။


ဘက်ထရီပါဝါအကျမြန်မှု ပြဿနာကို ရှောင်ရှားရန် AOD feature ကို မသုံးခဲ့သည့် OnePlus သည် OS update သစ်တွင် ထည့်သွင်းလာမည်ဟု အတည်ပြုထားသည်။ OnePlus ၏ CEO ပီတီလောင်သည် Android 11 ကို အခြေခံထားသည့် OxygenOS11 တွင် ပါမည့် AOD လုပ်ဆောင်ချက်သစ်၏ ဒီဇိုင်းအကြောင်း ဗွီဒီယိုတစ်ခုပါ တင်ခဲ့သည်။ OnePlus သည် Parsons School of Design ကျောင်းနှင့်ပူးပေါင်းပြီး ဖုန်း AOD ဒီဇိုင်းအသွင်ကို ဖန်တီးခဲ့သည်။


Time ဒီဇိုင်းနာမည်ပေးထားသည့်  AOD feature သည် တစ်နေ့တာဖုန်းသုံးချိန်ကို မှတ်ထားပေးမည်ဖြစ်ပြီး ဖုန်းအသုံးပြုသည့်ကြာချိန်ကို ဖော်ပြပေးသွားမည်ဖြစ်သည်။ OnePlus သည် နှစ်ဆန်းပိုင်းကတည်းကစပြီး OxygenOS တွင် Always-On display feature တစ်ခု အသုံးပြုမည်ဟု ကတိပြုထားသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းပိုင်းမှာ OnePlus သည် OxygenOS 10 stable update ကို ဖြန့်ချိခဲ့သည်။ လာမည့် စက်တင်ဘာလထဲတွင် Pixel ဖုန်းများအတွက် Android 11 stable ဖြန့်ချိမည်ဖြစ်ကြောင်း OnePlus ၏ OxygenOS 11 update သစ်ကို စက်တင်ဘာလထဲတွင်  မြင်တွေ့ရမည်။                                     


(HWY)






အခြားဆက်စပ်သတင်းများ