နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Google Play Music ကို ဖြုတ်ချပြီး YouTube Music ဖြင့် အစားထိုးမည်

ရန်ကုန်   ဩဂုတ်  ၇


Google က ယခုနှစ် ဒီဇင်ဘာလတွင် Google Play Music ကို ဖြုတ်ချပြီး YouTube Music ဖြင့် အစားထိုးရန် စီစဉ်ထားကြောင်း သိရသည်။
Google က YouTube Music ကိုသာ ပိုကောင်းအောင် လုပ်ဆောင်နေသည်နှင့်အညီ Update များ ပေးလျက်ရှိနေပြီး ပိုကောင်းအောင်လုပ်ဆောင်နေခြင်းဖြစ်သည်။
Google က ယခုနှစ် ဒီဇင်ဘာလမှာ Google Play Music နေရာတွင် YouTube Music ဖြင့် အစားထိုးမည်ဖြစ်သည်။ Google က စက်တင်ဘာလမှစတင်ပြီး တောင်အာဖရိကတွင် Google Play Music App ကို မသုံးနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် တစ်ကမ္ဘာလုံးမှ Subscriptions ကို ပယ်ဖျက်သွားမည်ဖြစ်သည်။


သို့သော် Playlists ၊ Libraries ၊ Content တို့ကို ဖျက်သွားမည်မဟုတ်ဘဲ အသုံးပြုသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ YouTube Music သို့ ပြောင်းရွှေ့ခွင့်ရရှိမည်ဖြစ်သည်။ Google က ယင်းနောက်မှသာ Play Music ကို လုံးဝဖြုတ်ချသွားမည်ဖြစ်သည်။
ထို့ကြောင့် Google က ယခုလနှောင်းပိုင်းမှ စတင်ပြီး Play Music မှာ ဝယ်ယူမှုမပြုလုပ်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။                                                                                 


(သူရိန်)






အခြားဆက်စပ်သတင်းများ