နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Intel သည် MediaTek နှင့် ပူးပေါင်း

ရန်ကုန်   ဩဂုတ်  ၇


Intel သည် MediaTek နှင့် ပူးပေါင်းပြီး Laptop Processor များအသုံးပြု့နိုင်ရန်အတွက် 5G Modems များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Intel က 5G chips များထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း Qualcomm နှင့် မယှဉ်နိုင်သောကြောင့် အဆိုပါအစီအစဉ်ကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။ Intel သည် မျိုးဆက်သစ် Intel နည်းပညာသုံး Laptop များတွင် အသုံးပြုနိုင်ရန်အတွက် MediaTek နှင့် ပေါင်းပြီး T700 5G modem ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။
ယင်း 5G Modem သည် laptop များအတွက် MediaTek ၏ ပထမဆုံး 5G ထုတ်ကုန်လည်း ဖြစ်သည်။ Chip တွင် Non-Standalone Sub-6 5G နှင့် 4G LTE ကွန်ရက်ပေါ် မှီခိုမှုမရှိသည့် Standalone 5G ခေါ်ဆိုမှုများ ပံ့ပိုးထားသည်။ MediaTek ၏ အဆိုအရ Non-Standalone Sub-6 ကွန်ရက်သည် စွမ်းအင်စီမံမှု အားကောင်းသောကြောင့် ဘက်ထရီသက်တမ်းပါ ပိုမိုစိတ်ချရသည်။


လက်ရှိ ဈေးကွက်တွင် 5G ထုတ်ကုန်နှင့်ပတ်သက်ပြီး Qualcomm က ကြီးစိုးနေသည်။ ဈေးကွက်ထဲတွင် ကြေညာထားသည့် 5G လက်ပ်တော့များဖြစ်သည့် Dell Latitude 9510 2 in 1 မော်ဒယ် ၊ HP Elite Dragonfly G2 နှင့် Lenovo Flex 5G တို့ကလည်း Qualcomm ၏ 5G Modem ကို အသုံးပြုထားသည်။
Intel နှင့် MediaTek တို့၏ ပူးပေါင်းမှုကြောင့် မကြာမီ MediaTek ၏ 5G modems ပလက်ပ်တော့ မော်ဒယ်သစ်များ ထွက်ရှိလာတော့မည်ဖြစ်သည်။ MediaTek ၏ ထုတ်ကုန် Qualcomm ထက် ဈေးနှုန်းပိုမို သက်သာသောကြောင့် 5G laptop သစ်များလည်း ဈေးနှုန်းအသင့်အတင့်ဖြင့် မိတ်ဆက်လာမည်ဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ