နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
TikTok ကို ဝယ်ယူရန် စိတ်ဝင်စားဟု Microsoft ပြော

ဩဂုတ် ၆


Microsoft ၏ စီအီးအို ဆတ်ယာနာဒယ်လာကိုယ်တိုင်က TikTok အား ဝယ်ယူရေးအတွက် ByteDance ဥက္ကဋ္ဌ နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း အတည်ပြုလာသည်။ Microsoft က TikTok ကို ဝယ်ယူလိုက်ပါက လုံခြုံရေးအတွက် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိတော့သည့်အပြင် အားလုံးအတွက် အကျိုးရှိလာမည်ဟု ယုံကြည်နေသည်။


Microsoft နှင့် ByteDance တို့အကြား ဆွေးနွေးမှုကို စက်တင်ဘာ ၁၅ ရက်တွင် အပြီးသတ်ရန် စီစဉ်ထား သည်။ ဆွေးနွေးမှုအောင်မြင်မည်ဆိုပါက Microsoft က TikTok ၏ လုပ်ငန်းရှိသည့် ဈေးကွက်အချို့တို့မှာ       ဦဆောင်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။


Microsoft က အမေရိကန်အပြင် နယူးဇီလန်၊ ကနေဒါ၊ ဩစတြေးလျတို့မှာလည်း လုပ်ဆောင်ရန် စီစဉ်ထားပြီး ByteDance ကတော့ ကျန်ဈေးကွက်များမှာ ဆက်လက်ဦးဆောင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။                                                                                                               


(သူရိန်)






အခြားဆက်စပ်သတင်းများ