နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OPPO က ၅ မိနစ် အားသွင်းရုံဖြင့် ၄၁ ရာခိုင်နှုန်းအထိ အားပြည့်သည့် 125W Fast Charge ကိုပြသ

ဩဂုတ် ၆


OPPO က 125W Fast Charge System ကို Live လွှင့်ပြီး ပြသခဲ့ပြီး ဘက်ထရီ 4000 mAh ပါဝင်သည့် ဖုန်းကို အသုံးပြုကာ ပြသခဲ့ခြင်းဖြစ်ကာ ၅ မိနစ် အားသွင်းရုံဖြင့် ၀ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည် ကို တွေ့ရသည်။ အားအပြည့်သွင်းရန် ၂၀ မိနစ် အချိန်ယူရမည်ဖြစ်သည်။


လက်ရှိ စမတ်ဖုန်းလောက၏ အမြန်ဆုံး အားသွင်းနည်းပညာဖြစ်သည့် OPPO ၏ 65W Super VOOC 2.0 က ဘက်ထရီ 4000 mAh ကို အားအပြည့်သွင်းရန် မိနစ် ၃၀ အချိန်ယူရသည်။


125W Fast Charging စနစ်က 65W ထက် နှစ်ဆနီးပါး မြင့်မားသော်လည်း အားသွင်းမှုက ၂ ဆ ပိုမိုမြန်ဆန်မှု မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် 125 Fast Charging ၏ အားသွင်းမှုမြန်ဆန်ခြင်းက အစောပိုင်းမှာဖြစ်ပြီး ဘက်ထရီအားပြည့်ရန် နီးလာသည့်အချိန်တွင် ဖုန်းပူမှု၊ ဘက်ထရီပျက်စီးမှုတို့ကို ကာကွယ်နိုင်ရန်အတွက် အားသွင်းနှုန်း လျော့ကျလာမှုကြောင့်ဖြစ်သည်။


OPPO က အကာအကွယ်ပိုင်းအတွက် ဆင်ဆာ ၄ ခုမှ ၁၀ ခုအထိ သုံးလာပြီး ဖုန်းအပူချိန်ကို ၄၀ ဒီဂရီ ဆဲလ်စီးယက်ပ် မကျော်အောင် ကာကွယ်ပေးသည်။ 125W Charger က 20W/6.25A ထုတ်သော်လည်း 10V/12.5A သို့ပြောင်းကာ လိုင်းသုံးလိုင်းဖြင့် ဘက်ထရီကို အားဖြည့်ပေးသည်။                               


(သူရိန်)






အခြားဆက်စပ်သတင်းများ