နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး

ရန်ကုန်   ဩဂုတ်  ၆


ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားသော အပြောင်းအလဲများစွာတွင်ကား လောဘအပြောင်းအလဲသည် ထင်သာ မြင်သာရှိသည်။ ယခင်က သာမန်လူတန်းစားများ ကားဝယ်စီးနိုင်ရန် အတော်ပင်ခက်ခဲရှိသည်။ မော်ဒယ်သစ် ကားကောင်း၊ ကားသစ်ကြီးများကို အလွန်ချမ်းသာမှ စီးခွင့်ရှိသော အနေအထားဖြစ်သည်။ အပြောင်းအလဲများ ဖြစ်ပေါ်တိုင်း ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိမည်မှာ ဓမ္မတာဖြစ်သည်။ ကားသစ်များ တင်သွင်းလာရာ ရန်ကုန်မြို့ပေါ်တွင် တိုးတက်များပြားလာသော ကားများမှာ အရောင်အသွေးစုံ၊ မော်ဒယ်စုံကား ကောင်းကားသန့်များ များပြားလာ၏။

သို့ဖြစ်ရာ မော်တော်ယာဉ်များ များပြားလာမှုကြောင့် လမ်းကြောပိတ်ဆို့သည်ဟု ဆိုကြ၏။ မော်တော်ယာဉ် များခြင်းကြောင့် လမ်းကြောပိတ်ဆို့သည်မှာ ကားဆရာများ၏ စည်းကမ်းမလိုက်နာမှုများကြောင့် လမ်းကြော ပိတ်ရသည်ဟု ဆိုရမည်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက လမ်းကြောဖွင့် ဆောင်ရွက်ပေးလျက်ရှိရာ ကားဆရာများကလည်း စည်းကမ်းရှိရှိဖြင့် သတ်မှတ်ယာဉ်ကြောများအတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လိုက်နာဆောင်ရွက်သင့်သည်။

ရန်ကုန်မြို့တွင် YBS ယာဉ်များ ပြောင်းလဲလာပြီးနောက် လိုင်းကားများစီးရသည်မှာ စိတ်ချမ်းမြေ့သော်လည်း ယာဉ်စီးခပေးဆောင်ရာတွင် ငွေအကြွေဒုက္ခသည်လည်း ယာဉ်စီးသူတို့ ကြုံတွေ့ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ် သည်။ ယခုအခါ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် ပေါ်လာပြီဖြစ်သည်။ ကတ်စနစ်ဖြင့် ယာဉ်လိုင်း အားလုံးတွင် မရသေးသော်လည်း ယာဉ်လိုင်းအချို့တွင် ကတ်နစ်ဖြင့် စီးနင်းသူများက စီးနေကြသည်။ ကတ်စနစ်စတင်ကျင့်သုံးသည်မှာ ရက်ပိုင်းမျှသာရှိသော်လည်း ကတ်ရောင်းချငွေမှာ ကျပ်သိန်းတစ်ထောင်နီးပါး ရောက်ရှိနေသည်။ YPS အမှတ်တံဆိပ်ကတ်သည် ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် အသုံးပြု သည့် စမတ်ကတ်ဖြစ်သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ယာဉ်လိုင်းများတွင် ကတ်စနစ်သုံးစွဲနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ယာဉ်လိုင်း များကလည်း ရပ်၊ တင်၊ ချစနစ်ကို စနစ်တကျဖော်ဆောင်လာကြသည်။ လမ်းဆုံ၊ လမ်းခွများနှင့် မှတ်တိုင်မဟုတ် သော လမ်းများတွင် လူအတင်အချမပြုလုပ်ကြောင်း ယာဉ်ဆင်းတံခါးပေါက်များတွင် ခရီးသည်များအား အသိပေးထားသည်။ ယာဉ်စီးနင်းသူများက သတ်မှတ်ယာဉ်စီးခများ မှန်ကန်ရေးနှင့် လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မြို့တော်သူ၊ မြို့တော်သားများ၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ