နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ကျွန်တော့်ကို အထူးယုံလိုက်ပါဆိုတဲ့ မီလီတာအို

ဩဂုတ်  ၅


ဩဂုတ် ၈ ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ရီးရဲလ်နဲ့ မန်စီးတီးတို့ အီတီဟက်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပွဲကို ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ပထမအကျော့တုန်းက အိမ်ကွင်း ၁-၂ နဲ့ ရှုံးရင်းအနီကတ်ထိထားတာကြောင့် လွဲချော်ခဲ့ရပါတယ်။


နည်းပြဇီဒန်းရဲ့  ရီးရဲလ်အသင်းဟာ ပထမအကျော့က အိမ်ကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး ယခုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမှာတော့ အသင်းခေါင်းဆောင်ရာမို့စ်မပါဝင်နိုင်ပါဘူး။ ဒါကြောင့် နောက်တစ်ဆင့် တက်လှမ်းဖို့ အလားအလာနည်းပါးတာဖြစ်ပါတယ်။  မန်စီးတီးနဲ့ ရီးရဲလ်တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းဟာ ဂျူဗင်တပ်နဲ့ လိုင်ယွန်တို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာတွေ့ဆုံမှာ ဖြစ်ပါတယ်။  ရီးရဲလ်နောက်ခံကစားသမား မီလီတာအိုကတော့ သူတို့မန်စီးတီးကိုအနိုင်ယူပြမယ်လို့ ပြောသွားပါတယ်။


ရီးရဲလ်နောက်ခံလူ မီလီတာအိုက “မက်ဒရစ်သားတွေက မန်စီးတီးနဲ့ ကစားမယ့်ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ အသင်း ခေါင်းဆောင်ရာမို့စ်မပါဘဲ ကစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီပွဲမှာရှိနေပါတယ်။ ကျွန်တော်တို့ပွဲကောင်းတစ်ပွဲကိုကစားသွားပါလိမ့်မယ်။ ကျွန်တော့်ကိုအထူးယုံလိုက်ပါ။ ကျွန်တော်တို့ အနိုင်ယူပါလိမ့်မယ်။ ကျွန်တော်ဒီပွဲစဉ်ကို အခုစိတ်ကူးကြည့်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ မန်ချက်စတာမြို့မှာ ကစားရမှာပါ။ အနိုင် ဂိုးကို ခေါင်းတိုက်ပြီး သွင်းပါလိမ့်မယ်။ ဒါပေမယ့် ဒီနိုင်ပွဲကို ဘယ်လိုမျိုးအောင်ပွဲခံရမလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ မဖြစ်နိုင်တာမရှိပါဘူး၊ ဒီတော့သွားကစားရမှာပါဘဲ”လို့ ပြောကြားသွားပါတယ်။                                             


(SO)






အခြားဆက်စပ်သတင်းများ