နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
FIFA မှ အဖွဲ့ဝင်နိုင်ငံအားလုံးကို အမေရိကန်ဒေါ်လာတစ်သန်းနှင့် အမျိုးသမီးဘောလုံးအားကစားဖွံဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းထောက်ပံ့ရန်စီစဉ်

ဩဂုတ်  ၅


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် COVID-19 ရောဂါအခြေအနေကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို အမေရိကန်ဒေါ်လာတစ်သန်းစီနှင့် အမျိုးသမီးဘောလုံးအားကစားဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းစီ ထောက်ပံ့ရန်စီစဉ်နေကြောင်း နိုင်ငံတကာသတင်းမီဒီယာတချို့က ဖော်ပြထားသည်။


ဇူလိုင် ၂၉ ရက်က  FIFA ၊ အာရှနှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများပါဝင်သည့် အွန်လိုင်း အစည်းအဝေးကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံးကို ထောက်ပံ့ကြေးပေးမည့် အစီအစဉ်ကို FIFA က အတည်ပြုခဲ့ခြင်းဖြစ်သည်။  အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် အပါအဝင် အဖွဲ့ဝင်နိုင်ငံများက ဘောလုံးပြိုင်ပွဲများ မကျင်းပနိုင်သဖြင့် ဘောလုံးလောကမိသားစုများ အခက်အခဲကြုံရပြီး ကလပ်အသင်းများလည်ပတ်နိုင်ရေးနှင့် အမျိုးသမီးဘောလုံးလောက ပုံမှန်လည်ပတ်နိုင် ရေးအတွက် ချေးငွေများထုတ်ချေးပေးရန် ဆွေးနွေးခဲ့ကြသည်။  COVID-19   ရောဂါအခြေအနေကြောင့် မတ်လမှစတင်ကာအာရှနှင့် အာဆီယံတို့တွင် သက်ဆိုင်ရာ ပြည်တွင်းလိဂ်ဘောလုံးပြိုင်ပွဲများ ရပ်နားထားရ သည့်အပြင် စပွန်ဆာနှင့် တခြားဝင်ငွေများလျော့ကျနေသည့် အတွက် FIFA က ထောက်ပံ့ကြေးပေးရခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံအခြေစိုက် VNE Express မီဒီယာမှ သိရသည်။


“ဒါက COVID-19   ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတိုင်းအခက်အခဲကြုံရတဲ့အတွက် အဖွဲ့ဝင်နိုင်ငံ ၂၁၁ နိုင်ငံစလုံးကို FIFA က ထောက်ပံ့ကြေးပေးအပ်ဖို့ စီစဉ်ခဲ့တာပါ။ သီးသန့်ထောက်ပံ့ကြေးဖြစ်ပြီး ပုံမှန်ပေးနေကျ ထောက်ပံ့ကြေးနဲ့မဆိုင်ပါဘူး”ဟု   VNE Express မီဒီယာက ရေးသားဖော်ပြထားသည်။ ထို့ပြင် FIFA သည် သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်တစ်ခုချင်းစီ၏ ဘတ်ဂျက်အပေါ်တွက်ချက်၍ ချေးငွေထုတ်ချေး ပေးရန်လည်း သတ်မှတ်ခဲ့ကြောင်း သိရသည်။       

 

(SO)






အခြားဆက်စပ်သတင်းများ