နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူစီးမော်တော်ယာဉ်များကို ၁၀ ရာခိုင်နှုန်းခန့် အခွန်ဖြေလျှော့ပေး

ရန်ကုန်  ဩဂုတ်  ၄


COVID-19 ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် အခွန်ကောက်ခံ လျက်ရှိသော လူစီးမော်တော်ယာဉ်များကိုယခုလမှစ၍ အခွန် ၁၀ ရာခိုင်နှုန်းခန့် ဖြေလျှော့ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါ အခွန်ဖြေလျှော့မှုတွင် လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000 cc နှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းသို့ လည်းကောင်း ဖြေလျှော့ခွင့်ပြုခြင်း ဖြစ်သည်။

"အခုလို အခွန်လျှော့လိုက်တဲ့ အတွက်ကြောင့် ကားဝယ်တဲ့သူတွေအတွက်တော့ နည်းနည်းသက်သာ သွားတာပေါ့။ ကားတင်သွင်းရာမှာ ၁၀ ရာခိုင်နှုန်းလောက်ကို အခွန်သက်သာခွင့်ပေးတဲ့ သဘောရှိတာ ပေါ့။ဒါကတော့ ကောင်းပါတယ်။ လက်ရှိကားဈေးက နည်းနည်းကျသွားနိုင်တယ်။ ၁၀ ရာခိုင်နှုန်း လျှော့ပေး တဲ့အတွက် ကားဝယ်ယူသူတွေအနေနဲ့ ၁၀ ရာခိုင်နှုန်းလောက် သက်သာသွားနိုင်တယ်"ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်း ကပြောသည်။

ထို့ပြင် SKD စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များအတွက်လည်း အင်ဂျင်ပါဝါ 2000 CC နှင့်အောက်ကို လက်ရှိ အကောက်ခွန် နှုန်း ၁၀ ရာခိုင်နှုန်းမှ ဝ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သို့လည်းကောင်း ဖြေလျှော့ခွင့်ပြုခဲ့သည်။

အဆိုပါ လူစီးမော်တော်ယာဉ်များ အခွန်ဖြေလျှော့ခွင့်ပြုသည့် ကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက MACCS ဌာနခွဲ၏ Help Desk Section နှင့် ဆက်ဆံရေးဌာနစိတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားကြောင်းသိရသည်။                                                                            

AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ