နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PGA Tour Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဂျင်မ်ဖူရိုက် ချန်ပီယံဆု ဆွတ်ခူး

ဩဂုတ်  ၄


အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် PGA Tour Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးရိုက်ကစားသမား ဂျင်မ်ဖူရိုက်က သတ်မှတ်ရိုက်ချက်ထက် ၁၄ ချက်လျှော့ရိုက်ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် တောင်အာဖရိက ဂေါက်သီးရိုက်ကစားသမား ဂို့စ်ဆင်က သတ်မှတ်ရိုက်ချက်ထက် ၁၂ ချက် လျှော့ရိုက်ကာ အမှတ်ပေးဇယား ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။


ယင်းပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးခဲ့သည့် ဂျင်မ်ဖူရိုက်သည် ဂေါက်သီးရိုက်လောကမှ ကာလရှည် အနားယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားခဲ့ကာ PGA Tour ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ သည့်အတွက် PGA Tour တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ကာလရှည်အနားယူခဲ့ပြီး ပွဲဦးထွက်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။


ဂျင်မ်ဖူရိုက်က “အခုလို ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူခဲ့ရသလို နောက်ကွယ်မှာ ဘယ်လောက်ထိ ခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် အသိဆုံးပါ။ ခက်ခဲခဲ့ပေမယ့်လည်း ချန်ပီယံဆုကြောင့် အားလုံး အဆင်ပြေသွားပါတယ်။ ကာလရှည်အနားယူထားပြီးမှ ပွဲဦးထွက်မှာ အခုလိုချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တာဟာ ကျွန်တော်ကစားသမားဘဝအတွက် ဘယ်တော့မှ မေ့ဖျောက်လို့မရတော့မယ့် အမှတ်တရဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ