နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးမန်ယူရဲ့ ယူရိုပါ ၁၆ သင်းအဆင့် ဒုတိယအကျော့

ဩဂုတ်  ၄


မန်ယူဟာ ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ LASK ကို အိမ်ကွင်းမှာဧည့်ခံကစားရမှာပါ။ ပထမအကျော့ အဝေးကွင်းမှာ ၀-၅ နဲ့ အနိုင်ရထားတဲ့ မန်ယူဟာ ကွာတားတက်ဖို့သေချာနေပါပြီ။ ကွာတားမှာလည်း ဘာဆာဆီဟာနဲ့ ကိုပင်ဟေခင်တို့အတွဲက အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။


ဒါကြောင့်လည်း မန်ယူရဲ့ဆီမီးလမ်းကြောင်းဟာ ဖြောင့်ဖြူးနေတယ်လို့ထင်ပါတယ်။  LASK   ကို ပထမအကျော့မှာ ဂိုးအပြတ်နဲ့ နိုင်ခဲ့ရာမှာ အီဂါလို၊ မာတာဒန်နီရယ်ဂျိမ်းစ်၊ ဂရင်းဝုဒ်၊ ပါရဲရားတို့က ဂိုးသွင်းပေးခဲ့ကြတာပါ။ လက်ရှိအချိန်မှာ ဖာနန်ဒက်စ်ဟာ မန်ယူရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုနိုင်သလို တိုက်စစ်မှူးတွေဖြစ်တဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကလည်း အတော်လေးခြိမ်းခြောက်နိုင်စွမ်းရှိနေပါတယ်။ LASK က ဩစတြီးယားလိဂ်မှာလည်း အခြေအနေတော်တော်ဆိုးနေပါတယ်။


ဩစတြီးယားဘွန်ဒက်စ်လီဂါ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါ တယ်။ ပထမအကျော့မှာ မန်ယူကိုအိမ်ကွင်းမှာလည်း ဘယ်လိုမှခံမကစားနိုင်ခဲ့ပါ။ ခုပွဲက အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်တယ်။ မန်ယူက ပထမအကျော့ရလဒ်ကြောင့် ဒီပွဲမှာလူငယ်ကစားသမားများကို ထုတ်သုံးလာနိုင် ပါတယ်။ အရန်ကစားသမားတွေထုတ်သုံးရင်တောင် ဒီပွဲမှာ မန်ယူတို့ပဲအသာရရှိမှာပါ။


LASK   ကတော့ တစ်မြန်နှစ်ရာသီက ဒုတိယရခဲ့ပေမယ့် ဇူလိုင် ၅ ရက်နေ့က ပြီးဆုံးသွားခဲ့တဲ့ ဩစတြီးယား ဘွန်ဒက်စ်လီဂါပွဲတွေ အပြီးမှာတော့  အဆင့်လေးသာရခဲ့ပါတယ်။  ရာသီမကုန်မီ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ပြီး နှစ်ပွဲဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးသွင်းခဲ့တဲ့ပွဲကလည်း တစ်ဂိုးသာရခဲ့တာပါ။  လတ်တလောမှာ LASK အတွက် အားကိုးလောက်တဲ့ ကစားသမားလည်းမရှိပါဘူး၊ ခံစစ်ပိုင်းကလည်း စိတ်မချရပါဘူး။


မန်ယူကတော့ ယူရိုပါလိဂ်ဆိုရင် ရလဒ်ကောင်းလေ့ရှိပြီး သူတို့ရဲ့ယူရိုပါလိဂ်နောက်ဆုံးပွဲ ၂၀ မှာ တစ်ပွဲဘဲရှုံးနိမ့်ခဲ့ဘူးတာပါ။ မန်ယူနည်းပြ ဆိုးလ်ရှားဟာ  ဒီပွဲမှာအတွေ့အကြုံရှိကစားသမားတွေနဲ့ လူငယ်တွေကို မျှသုံးမှာသေချာပါတယ်။ မန်ယူတို့ ဘယ်လောက်ကောင်းနေပါသလဲ၊ LASK တို့ ဘယ်လောက်ဆိုးနေသလဲဆိုတာကို ဩဂုတ် ၅ ရက်၊ ဗုဒ္ဓဟူး၊ ည ၁ နာရီ ၃၀ မိနစ်မှာအဖြေကို စောင့်ကြည့်မှသိကြရမှာပါ။                                           


(SO)






အခြားဆက်စပ်သတင်းများ